ငရုတ်သီးပွ အစာသွပ် နှင့် အုန်းနို့နှစ်ဆော့
ငရုတ်သီးပွ အစာသွပ် နှင့် အုန်းနို့နှစ်ဆော့
– ၀ါတွင်း ၃လ သက်သက်လွတ်စားသူတွေ အတွက် ရည်ရည်ပြီ သက်သက်လွတ် ချက်နည်းတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
ခုတော့ ရောင်စုံ ငရုတ်သီးပွ အ၀ါ၊ အနီ၊ အစိမ်း ကို ထမင်းအစာသွပ်ပြီ အုန်းနို့နှစ်ဆော့ ဆမ်းထားတာပါ။ ဈေးကြီးတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခုဖြစ်တဲ့ saffron ကိုသုံးထားတာမို့ အနံ့ကတော့ ပျော်ဖွယ်ရာ မရှိပါဘူး။ သက်သက်လွတ်ဟင်းလျာလို့ ဆိုပေမယ့် အရသာက တကယ်ကို ထူးခြားကောင်းမွန်ပါတယ်။ အုန်းနို့နှစ်ကိုလည်း အာလူး၊ အနောက်တိုင်းဟင်းခတ်အမွှေးအကြိုင် တွေနဲ့ ချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…
ခုတော့ ရောင်စုံ ငရုတ်သီးပွ အ၀ါ၊ အနီ၊ အစိမ်း ကို ထမင်းအစာသွပ်ပြီ အုန်းနို့နှစ်ဆော့ ဆမ်းထားတာပါ။ ဈေးကြီးတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခုဖြစ်တဲ့ saffron ကိုသုံးထားတာမို့ အနံ့ကတော့ ပျော်ဖွယ်ရာ မရှိပါဘူး။ သက်သက်လွတ်ဟင်းလျာလို့ ဆိုပေမယ့် အရသာက တကယ်ကို ထူးခြားကောင်းမွန်ပါတယ်။ အုန်းနို့နှစ်ကိုလည်း အာလူး၊ အနောက်တိုင်းဟင်းခတ်အမွှေးအကြိုင် တွေနဲ့ ချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…
ဆော့တွင် ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- အာလူး ၂လုံး (နူအောင် ပြုတ်ထားပေးပြီ အတုံးသေးများ တုံးထားပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- Oregano – လက်ဖက်ရည်ဇွန်း တ၀က် (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်)
- RoseMary – လက်ဖက်ရည်ဇွန်း တ၀က် (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်)
- ကြက်သွန်မြိတ် – ၂စည်း (ပါးပါးလှီးပါ)
- သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- အုန်းနို့ – ၁၀၀ ဂရမ်
- ရေ – ခွက်တ၀က်
မှတ်ချက် ။ ။ အနောက်တိုင်းဟင်းခတ် အမွှေးအကြိုင်များကို Market place တွင် ၀ယ်ယူနိုင်သည်။
ဆော့ချက်နည်း
၁။ ဆော့ချက်ရန် ဒယ်ထဲ ဆီထည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ပြီလျှင် တခြား ပါဝင်ပစ္စည်းများဖြစ်သော (အုန်းနို့၊ ရေ၊ အာလူး၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ thyme၊ rosemary၊ သံပရာရည်၊ ကြက်သွန်မြိတ်) တို့ကို ထည့်ကာ ၃မိနစ်ခန့် တည်ထားပါ။
၃။ ထို့နောက် ခေတ္တမျှ အအေးခံပြီ blender ဖြင့်ရောကြိတ်ပေးပါ။
၎။ ဆော့ရည်ရပြီဆိုလျှင် ငရုတ်သီးပွ အစားသွပ်ချက်ပါမည်။
ငရုတ်သီးပွ အစားသွပ်ရန် ပါဝင်ပစ္စည်းများ
- ငရုတ်သီးပွနီ – ၂ခု (ထက်ခြမ်းခြမ်းပြီ အစေ့ထုတ်ထားပါ)
- ငရုတ်သီးပွစိမ်း – ၂ခု (ထက်ခြမ်းခြမ်းပြီ အစေ့ထုတ်ထားပါ)
မှတ်ချက် ။ ။ ငရုတ်သီးပွနီ၊ စိမ်းကို oven ထဲထည့်ပြီ ၁၀မိနစ်ခန့် အပေါ်မီး၊ အောက်မီးဖြင့် ဖုတ်ထားပေးပါ၊
- ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
- ချက်ပြီသား ထမင်း – ၂ယောက်စာ
- ရေ – ခွက်တ၀က်
- Safforn – အနည်းငယ်
- သံပရာသီး – ၁လုံး
- ၀ိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
- သီဟိုဌ်စေ့ – ခွက်တ၀က် (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းပါ)
ချက်ပြုတ်နည်းများ
၁။ အရင်ဆုံး ဒယ်ထဲ ကြက်သွန်ဖြူ၊ ကြက်သွန်နီများ ထည့်ပြီ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ထမင်း၊ ရေ၊ သံပရာရည်၊ saffron ထည့်ကာ ရေခမ်းသည်အထိ ၁၀မိနစ်ခန့်တည်ထားပါ။
၃။ ထို့နောက် ၀ိုင်၊ သီဟိုဌ်စေ့၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ နံနံပင် တို့ကို ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။
၎။ ပြီနောက် ချက်ထားသော ထမင်းများကို ငရုတ်သီးပွနီ၊ စိမ်းထဲသို့ အစာသွပ်ပေးပါ။
၅။ ပြီမှ oven ထဲထည့်ပြီ ၂၀၀ ဒီဂရီဖြင့် မိနစ်၂၀ခန့် ထည့်ဖုတ်ပေးပါ။
၆။ ဖုတ်ပြီလျှင် ချက်ထားသော အုန်းနို့နှစ်များကို ငရုတ်သီးပွ အစားသွပ်ပေါ်မှ ဆမ်း၍ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…