မရမ်းသီး​ကြော်​ရ​အောင်

မရမ်းသီး​ကြော်​ရ​အောင်
မရမ်းသီး၅ကျပ်​သား
ကြက်​သွန်​နီ၈လုံး
ကြက်​သွန်​ဖြူ ဥ​သေး၃ဥ
ငရုတ်​သီးအပု​တောင့်
ငရုတ်​သီးခွဲခြမ်းဟင်းဇွန်း၁(စပ်​စပ်​စားလိုလျှင်​)
ဆီ၅ကျပ်​သား
မျှင်​ငပိဟင်းဇွန်း၁ဇွန်း​ရေ​နွေးနဲ့​ဖျော်​ထားပါ
ပုဇွန်​​ခြောက်​ဟင်းဇွန်း၃ဇွန်း
အရင်​ဆုံး​ရေနည်းနည်းနဲ့ဆားဟင်းဇွန်းတဝက်​ကို​ရေ​ဖျော်​ထားပါ
ဆား​ရေ​ဖျော်​ထားတဲ့အထဲကိုမရမိးသီးပါးပါးလှီးထည့်​ပြီးစိမ်​ထားပါ
ရေအများကြီးမထည့်​ပါဘူး
မရမ်းသီးလှီးထားတာ​တွေအရည်​စပ်​စပ်​​လေးဖြစ်​​နေရင်​ရပါပြီ
ပြီးရင်​ငရုတ်​သီးနဲ့ကြက်​သွန်​နီကိုစီး​နေ​အောင်​​ထောင်းပြီးမှကြက်​သွန်​ဖြူမညက်​တညက်​ထည့်​​ထောင်းပါ
ပုဇွန်​​ခြောက်​လဲ​ထောင်းထားပါ
ကြော်​ပါမယ်
ဆီပူလာရင်​ငရုတ်​သီးဆီသပ်​ပါ
ဆနွင်းအနည်းငယ်​ထည့်​ပါ
မွှေးပြီးအ​ရောင်​​ပြောင်းလာရင်​ပုဇွန်​​ခြောက်​ထည့်​ပါ
ပုဇွန်​​ခြောက်​လဲ​မွှေးလာရင်​စပ်​ချင်​ရင်​ငရုတ်​သီးခွဲခြမ်းထည့်​ပြီးမစပ်​ချင်​ရင်​မထည့်​ပါနဲ့
ပြီးရင်​ငပိကိုစစ်​ထည့်​ပါ
ငပိနံ့​ပျောက်​ပြီး​မွှေးလာရင်​မရမ်းသီးထည့်​ပါ
အရသာထည့်​ပါ
မရမ်းသီးနွမ်းပြီး​ပျော့​ပျော့​ပျောင်း​ပျောင်းဖြစ်​လာပြီအရသာလဲမှန်​ပြီဆိုရင်​ဆီပြန်​​အောင်​ထားပြီးအရသာရှိတဲ့ရာသီစာမရမ်းသီး​ကြော်
ရပါပြီရှင်
Credit : Pan Kankayae