အနောက်တိုင်းစတိုင် အားလူးကက်တလိပ်ကြော်

အနောက်တိုင်းစတိုင် အားလူးကက်တလိပ်ကြော်

အနောက်တိုင်း မှာတော့ Coquette potato လို့ခေါ်ပါတယ်။ အနောက်တိုင်း စတိုင်အားလူး ကက်တလိပ်ကြော်ရဲ့ ထူးခြားမူက ထောပတ်နံလေးမွှေးနေပြီး အရသာသည် အလွန်ကြွပ်ရွ စားလို့လည်း အလွန်ကောင်းပါသည်။
ပါဝင်သောပစ္စ္စည်းများ
၁။ အာလူး – ၃၀ကျပ်သား
၂။ ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၎။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ပါမုန့်ခြောက် (breadcrumb)
၆။ ဂျုံမှုန့်
၇။ ကြက်ဥ – ၁လုံး (ခလောက်ပေးပါ)
ချက်ပြုတ်နည်း
၁။ အားလူး အားလုံးကို နူးအိအောင် ၁၀မိနစ်ခန့် ပြုတ်ပေးပါ။
၂။ ပြီးလျှင် အားလူးကို အခွံနွာပြီး ခြစ်တံဖြင့် ခြစ်ပြီး အားလူးများကို ခြေပေးပါ။
၃။ ထို့နောက် ထောပတ်၊ ဆား၊ ငရုတ်ကောင်းမှုန့် များကို အားလူးထဲထည့် ရောနုယ်ပေးပါ။
၎။ အားလူးများကို အလုံးငယ်လေးများ လုံးပေးပါ။
၅။ ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး အားလူးလုံးများကို ဂျုံကပ်ပေးပါ။
၆။ ပြီးနောက် ခလောက်ထားသော ကြက်ဥခွက်ထဲ အားလူးလုံးများကို နှစ်စိမ်ပေးပြီး ပါမုန့်ခြောက် (breadcrumb) ထည့်ထားသော ပန်းကန်ပြားထဲထည့် ပါမုန့်ခြောက်များ ကပ်ပေးပါ။
ရ။ ဒယ်ထဲ ဆီများများထည့်၍ အားလူးလုံးများကို မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။ အားလူးကက်တလစ်ကြော်ကို မရိုနိစ်ဖြင့် တွဲဖက်၍ စားသုံးနိုင်ပါပြီး။