မလိုင်ပေါက်ဆီ (အိမ်တော်ရာဘုရားမှာေ၇ာင်းတဲ့ မလိုင်ပေါက်ဆီ)
အိစံက မန္တလေးသူ။အိစံတို့  အိမ်က အိမ်တော်ရာတောင်ပေါက်က စိုင်ပြွန်ဝန်းပါ။ စိုင်ပြွန်ဝန်းကို တချို့ တွေလဲ သိကြမှာပါ။ အဲတာကတော့ အိစံတို့ ရဲ့ နွေးထွေးတဲ့ အိမ်လေးပေါ့နော်။ ပြောချင်တာကတော့ အိမ်တော်ရာ ဘု၇ားနားမှာနေတော့ အိမ်တော်ရာဘုရားပွဲတွေမှာေ၇ာင်းတဲ့ မလိုင်ပေါက်ဆီသိပ်ကြိုက်
ပါဝင်သောပစ္စည်းများ (တပွဲစာအတွက်)
၁။ ပေါက်ဆီအလွတ် (မန်ထို) - ၂ လုံး
၂။ နွားနို့ ပူပူ - ၁ ခွက် (240 ml)
၃။ နို့ စိမ်း - ထမင်းစားဇွန်း ၂ ဇွန်း (သို့ ) ၃ ဇွန်း
၎။ ထောပတ်အရည် - လက်ဖက်ရည်ဇွန်း တ ၀က်
၅။ မလိုင် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ နို့ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ သီဟိုဉ်စေ့ - အနည်းငယ်
၉။ အုံးသီးခြစ်ဖတ် - အနည်းငယ်
၁၀။ စပျစ်သီးခြောက် - အနည်းငယ်
၁၁။ ဖရုံယို - အနည်းငယ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ နွားနို့ ကို ပူကျက်နေအောင်လုပ်ထားပါ။
၂။ ပန်းကန်ထဲမှာ ပေါက်ဆီအလွတ်ကို ထည့်ပြီး တခုစီကို ၂ ပိုင်းဖြစ်အောင် ကပ်ကြေးဖြင့် ညှပ်ထားပါ။
၃။ ပေါက်ဆီ ပေါ်ကို နွားနို့ ပူပူဆမ်း၊ မလိုင် နှင့် နို့ စိမ်းထည့်၊ နို့ ဆီကို အနှံ့ ဆမ်း၊ သကြား၊ သီဟိုဉ်စေ့၊ အုံးသီးခြစ်ဖတ်၊ စပျစ်သီးခြောက်၊ ဖရုံယို တို့ ကို အနှံ့ ဖြူး၊ နောက်ဆုံးမှ ထောပတ်အ၇ည်လေးကို အနှံ့ ဆမ်းရ်ျ သုံးဆောင်နိုင်ပါပြီ။
