ဌက်ပျောသီး အုန်းနို့ဆမ်း

ဌက်ပျောသီး အုန်းနို့ဆမ်း

အချိုပွဲအတွက် ဌက်ပျောသီး အုန်းနို့ဆမ်းလေးပါ။ ထမင်းစားပြီ အချိုပွဲတည်းမယ် ဆိုလည်း အလွန်သင့်တော်ပါတယ်။ ဌက်ပျာသီး ပူပူလေးနဲ့ အုန်းနို့အရသာကြောင့် ချိုစိမ့်တဲ့ အရသာကို ရရှိမှာပါ။ လုပ်ရတာလည်း လွယ်ပြီ အချိန်တိုတွင်းမှာ လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေး ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
၁။ ဌက်ပျောသီး – ၅လုံး
၂။ ရေ – ၄၀၀ မီလီလီတာ
၃။ သကြား – ၃၀၀ ဂရမ်
၎။ အုန်းနို့အနှစ် – ၁၂၅ ဂရမ်
၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ ဌက်ပျောသီးကို အခွံနွာပေးပြီ ဒယ်အိုးတစ်ခုထဲ ရေနွေးကို ဆူသည်အထိ တည်ထားပါ။
မှတ်ချက် ။ ။ အရွယ်အစားကြီးပါက တ၀က်ဝက်ပေးပါ။
၂။ ရေနွေးဆူလာလျှင် သကြားများကို ထည့်ပြီ သကြားပျော်သည်အထိ ၅မိနစ်ခန့် မီးနည်းနည်းဖြင့် တည်ပေးပါ။
၃။ ပြီမှ ဌက်ပျောသီးများကို ထည့်ကာ ၅မိနစ်ခန့် ထပ်တည်ထားပေးပြီ ပြန်ဆယ်ထားပါ။
၎။ ထို့နောက် ဒယ်တစ်ခုထဲ အုန်းနို့နှစ်၊ ဆားတို့ကို ထည့်ကာ အုန်းနို့နှစ်ပျစ်လျှင် မီးပိတ်လိုက်ပါ။
၅။ ချက်ထားသော အုန်းနို့နှစ်များကို ငပျောသီးပေါ်သို့ ဆမ်းပြီ ဌက်ပျောသီး အုန်းနို့ဆမ်း ပူပူလေးကို အချိုပွဲအဖြစ် သုံးဆောင်လို့ရပါပြီ…