ပီဇာကင်

ပီဇာကင်

ဒီတစ်ခါတော့ ပီဇာကို oven နဲ့မဟုတ်ပဲ ကင်တဲ့နည်းအသစ်လေးပါ။ ပီဇာဒိုးသားကို ကင်လိုက်တဲ့အတွက် မီးခိုရနံ့လေးနဲ့ ပိုပြီ ကြွပ်ရွသွားတာမို့ တမျိုးစားလို့ကောင်းပါတယ်။ ရိုးရိုးပီဇာနဲ့ အရသာမတူတာပဲ တမူထူးခြားတာမို့ သူငယ်ချင်းတွေနဲ့ တူတူလုပ်စားမယ်ဆိုရင် လုပ်စားသင့်တဲ့ အကင်သစ် တစ်မျိုးပါပဲ။ လုပ်နည်းလေးကို တူတူကြည့်ရအောင်…
ပီဇာဒိုးတွင် ပါဝင်ပစ္စည်းများ [Dough Ingredients]
  • ဂျုံ [flour]                          ♦ ၁၀၀ ဂရမ်
  • ပါမုန့်လုပ်ရင် ထည့်တဲ့မှိုတစ်မျိုး [Dry yeast]   ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း (CityMart တွင် ၀ယ်ယူနိုင်ပါသည်)
  • သကြား [sugar]                  ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား [salt]                        ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • သံလွင်ဆီ [olive oil]            ♦ စားပွဲတင်ဇွန်း တ၀က်
  • ရေ [warm water]              ♦ ဆန်ချိန်ခွက် ၁ခွက်စာ

ပီဇာတွင် တင်မည့် ပါဝင်ပစ္စည်းများ [Topping Ingredients] 
  • ကြက်အူချောင်း [Chicen Sausage]    ♦ ၁ချောင်း (ပါးပါးအစောင်းလှီးပါ)
  • ကြက်သွန်နီ [onion]            ♦ ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ငရုတ်ပွစိမ်း [green pepper]  ♦ ၁ခု (အစေ့ထုတ် အ၀ိုင်းပါးပါးလှီးပါ)
  • ချိစ် [mozzarella cheese]     ♦ ၁တုံး (ပါးပါး အပြား ၅ပြားလှီးပေးပါ)
  • ခရမ်းချဉ်သီး [tomato]         ♦ ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဆား [salt]                        ♦ လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် [black pepper]     ♦ လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ပီဇာဒိုးလုပ်နည်း [Dough Recipes]
၁။ အရင်ဆုံး ပီဇာဒိုးတွင် ပါဝင်သော (ဂျုံ၊ သကြား၊ Yeast၊ ဆား)တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။
၂။ ထို့နောက် ရေကို သင့်လျော်သလို ထည့်ပြီ ဒိုးသားကို နုယ်သွားပါ။
၃။ ဒိုးသား မပျော့မမာ အနေထားရောက်လျှင် ရပါပြီ။ (ဒိုးသားပျော့သွားလျှင် ဂျုံထပ်ထည့်ပေးပြီ။ ဒိုးသားမာသွားလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ)
၎။ ပြီးလျှင် ဒိုးသားကို နူညံ့အောင် လက်ဖြင့် နာနာလေး သမအောင် နုယ်ပေးပါ။
၅။ ဒိုးသားနူးညံ့လာမှ သံလွင်ဆီထည့်နုယ်ပြီ ၂နာရီခန့် နှပ်ထားပေးပါ။ နှပ်ထားစဉ် အပေါ်မှ အ၀တ်စို(သို့) ပလတ်စတစ်လေးဖြင့် အုပ်ထားပေးပါ။
၆။ ၂နာရီခန့်ကြာလျှင် ဒိုးသား နှစ်ဆခန့်ဖောင်းလာပါလိမ့်မည်။
၇။ အရင်ဆုံး နှစ်ဆခန့် ဖောင်းလာပြီ ပီဇာဒိုးကို လက်ဖြင့် ပြန်သမအောင် နုယ်ပြီ ပုံတွင် ပါသည့်အတိုင်း ဒလိမ့်တုံး(သို့) လက်ဖြင့် အပြားဖြင့်အောင် ၈လက်မ အရွယ် အ၀ိုင်းပြားဖြင့်အောင် လုပ်ပေးပါ။
၈။ ပြီမျှ ဘေးသားများကို ပိုလှအောင် ပီဇာဖြတ်တဲ့ cutter နဲ့ ဘေးသားပိုများကို ဖြတ်လိုက်ပါ။ cutter မရှိ၍ ဓားဖြင့်ဖြတ်လျှင်လည်း ရပါသည်။
၉။ ထို့နောက် ဆီထည့်ထားသော ဗန်းထဲသို့ ပီဇာဒိုးကို ထည့်ပြီ ဆီစိမ်လိုက်ပါ။
၁၀။ ပြီလျှင် ချက်ချင်း ကင်ပြားကို ဆီသုတ်ပြီ ပီဇာဒိုးကို ကင်လို့ရပါပြီ။

ပီဇာဒိုးကင်နည်း [Grill Pizza Recipes]
၁။ ကိုယ်ကြိုက်နှစ်သက်ရာ မီးသွေး(သို့)ဂတ်(စ်)ဖြင့် ကင်နိုင်ပါသည်။
၂။ ပီဇာဒိုး တဖက်ကို ၃မိနစ်ခန့်စီထားပြီ ၆မိနစ်ခန့် ကင်ပေးပါ။ ကင်နေစဉ်အတွင်း ပီဇာဒိုးအပေါ်ပိုင်းကို ဆီသုတ်ပေးပါ။
၃။ ထို့နောက် ပီဇာဒိုးကျက်ပြီဆိုလျှင် (ချိစ်၊ ခရမ်းချဉ်သီး၊ ကြက်အူချောင်း၊ ငရုတ်ပွစိမ်း၊ ကြက်သွန်နီ)တို့ကို အစီအစဉ်တကျ တင်ပေးလိုက်ပါ။
၎။ အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို အပေါ်မှ အနည်းငယ်ဖြူးပေးပါ။
၅။ ပြီနောက် Grill_oven ထဲထည့်ပြီ ၁၀မိနစ်ခန့်ထပ်ကင်ပေးပါက ချိစ်၊ ကြက်အူချောင်းများ ကျက်ပါပြီ။
၆။ အရသာအလွန်ကောင်းသည့် ပီဇာကင်ကို စားသုံးနိုင်ပါပြီ…
Tip: Grill_oven မရှိပါက ချက်ပြီသား(ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်အူချောင်း၊ ငရုတ်ပွစိမ်း) များကိုသာ တင်ပေးပါ။ ပြီမှ ရိုးရိုးမီးကင်ပြားကို အဖုံးအုပ်ထားပြီ ချိစ်များကို အရည်ပျော်အောင် လုပ်၍ စားသုံးနိုင်ပါသည်။
—————————————————————————————————