ကြက်ဥသီးစုံပေါင်းချိုချဉ်

💟ကြက်ဥသီးစုံပေါင်းချိုချဉ် 💟
💗ပါဝင်ပစ္စည်း
၁။ကြက်ဥ အရွယ်တော် ၇လုံး
၂။မုန်လာဥနီ တစ်ပိုင်း
၃။ပန်းငရုတ်ပွ တစ်ခြမ်း
၎။ နေကြာဆီသန့် ထမင်းစားဇွန်း ၄ဇွန်း
၅။အုန်းနို့ cream ထမင်းစားဇွန်း ၅ဇွန်း
၆။နို့စိမ်း ထမင်းစားဇွန်း ၂ဇွန်း
၇။သကြား ထမင်းစားဇွန်း ၃ဇွန်း
၈။ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ခရမ်းချဉ်သီး ငရုတ်ဆီ ထမင်းစားဇွန်း ၂ဇွန်း
၁၀။ငရုတ်ဆီ ထမင်းစားဇွန်း ၁ဇွန်း
၁၁။ဗီနီကာ ထမင်းစားဇွန်း ၂ဇွန်း
၁၃။ပဲငံပြာရည် အကြည် ထမင်းစားဇွန်း ၂ဇွန်း
၁၄။ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
💗ပြင်ဆင်ချက်ပြုတ်ပုံ
👉ကြက်ဥ ၇လုံးကို ကြေညက်အောင် ခလောက်ထားပြီး ဇကာစစ်ချထားပါ။
👉မုန်လာဥနီ ပန်းငရုတ်ပွ တို့ကို အတုံးသေးသေးတုံး ထားပါ။
👉ကြက်ဥ အရည်ထဲ အုန်းနို့ထမင်းစားဇွန်း ၅ဇွန်း ၊နို့စိမ်း ထမင်းစားဇွန်း ၂ဇွန်း ၊ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ၊သကြား ထမင်းစားဇွန်း ၁ဇွန်း ထည့် ခလောက်ထားပါ။
👉နှစ်ထပ်ပေါင်းအိုးဇကာပေါ် ပုံစံခွက် ကိုထည့် ကြက်ဥ ရည်ကို အပြည့်မထည့်ပဲ အနည်းငယ် ချန်ထည့်ပါ။
👉နှစ်ထပ်ပေါင်းအိုးကို ဇကာခံ၍ မိနစ်၂၀ နာရီဝက် ခန့်ပေါင်းပေးပါ။
👉ကြက်ဥ ပေါင်းထားစဉ် ချိုချဉ်ရည် ဖျော်ထားပါမယ်။
👉ခရမ်းချဉ်သီး ငရုတ်ဆီ ထမင်းစားဇွန်း ၂ဇွန်း ၊ ငရုတ်ဆီ ထမင်းစားဇွန်း ၁ဇွန်း ၊သကြား ထမင်းစားဇွန်း ၂ဇွန်း ၊ ဗီနီကာ ထမင်းစားဇွန်း ၂ဇွန်း ၊ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ဇွန်း တို့ကို သကြားပျော်သည်အထိ ရောဖျော်ထားပါ။
👉ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ကို ရေအေးအနည်းငယ်နဲ့ ဖျော်ထားပါ။
👉ကြက်ဥသီးစုံပေါင်းထားတာ ရပြီဆို အအေးခံထားပါ။
👉အေးပြီဆို ပွဲပြင်မည့်ပန်းကန်ထဲ လှလှလေးစီထည့်ထားပါ။
👉ဒယ်တစ်ခုထဲ နေကြာဆီသန့် ထမင်းစားဇွန်း ၄ဇွန်း ထည့်ပါ။ ဆီပူလာပြီဆို ချိုချဉ်ရည် ဖျော်ထားတာထည့် မွှေပေးပြီး ကော်မှုန့်ရေဖျော်ထားတာထည့်ပါ။ ပျစ်လာပြီဆို မီးဖိုပေါ်က ချပြီး ပန်းကန်ထဲတွင် ပြင်ဆင်ထားသော ကြက်ဥသီးစုံပေါင်းပေါ်တွင် ဇွန်းနဲ့ခပ်ပြီး ဆမ်းပေးပါ။
ကြက်ဥ ကြိုက်သော အသီးအနှံ မစားသော ချစ်သားနဲ့ချစ်သမီးလေးအတွက် သူတို့အကြိုက် ကြက်ဥ ကို မရိုးရအောင် ကြက်ဥသီးစုံပေါင်းချိုချဉ် လေး လုပ်ကျွေးဖြစ်ပါတယ်ရှင်။
💟လူကြီးများအတွက်ဆိုရင်တော့ ခရမ်းချဉ်သီး ငရုတ်သီးစိမ်း ကို ထည့်ပြီး ချိုချဉ် အစား ချဉ်စပ်ဆီပြန် ချက်စားလို့ရပါတယ်ရှင့်💟
😘😘ကျေးဇူးတင်ပါတယ်ရှင်………😘😘😘
Credit to Su'homemade Pleasure


Image may contain: fruit and food

Image may contain: food

Image may contain: food


Image may contain: food


No photo description available.


Image may contain: food and text