ဂျပန် ဆယ်မွန် ဆူရှီ

Finger ဆူရှီ

ဆယ်မွန် ငါးသားလွှာနဲ့ လုပ်ထားတဲ့ ဆူရှီ လေးတွေပါ။ ဆယ်မွန်ငါးအသားလွှာ ကို ဆာရှီမီအဖြစ်လည်း အစားများကြပါတယ်။ ခုတော့ ၀တ်ရည်က ဆာရှီမီ အဖြစ်ရော၊ Finger ဆူရှီ အဖြစ်ပါ လုပ်စားနိုင်အောင် ၂မျိုးလုံး လုပ်နည်းလေး ဖော်ပြပေးထားပါတယ်။ တူတူ ဆူရှီလေး လုပ်ကြရအောင်…
ဆူရှီ ထမင်းတွင် ပါဝင်ပစ္စည်းများ
ရှမ်းဆန် – ၂ခွက်
ရေ – ၃ခွက်
ဆန်ဗီနီကာ – ခွက် ၄ပုံ၁ပုံ (သို့) စားပွဲတင်ဇွန်း ၄ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – စားပွဲတင်ဇွန်း တ၀က်
mirin (သို့) ဆာကေး – စားပွဲတင်ဇွန်း တ၀က် (Optional)
ဆယ်မွန် ဆူရှီတွင် ပါဝင်ပစ္စည်းများ
ဆယ်မွန်ငါး – ၃၀၀ ဂရမ်
မှတ်ချက် ။ ။ ready made အသားလွှာပြီသား ဆယ်မွန်ငါးတွေကို City Mart တွင် အလွယ်တကူ ၀ယ်ယူနိုင်ပါသည်။
ဂျပန် ပဲငံပြာရည် – တွဲဖက်စားသုံးရန်
မရိုနိစ် – တွဲဖက်စားသုံးရန် (optional)
ဆူရှီ ထမင်းချက်နည်း
၁။ အရင်ဆုံး ရှမ်းဆန်ကို အရင်စချက်ပါမည်။ ရှမ်းဆန်ကို ရေအေးနှင့် ကြည်လင်သည်အထိ ၅ကြိမ်ခန့် ဆေးပေးပါ။
၂။ ပြီလျှင် ဇကာဖြင့် နာရီဝက်ကြာ စစ်ထားပေးပါ။
၃။ စစ်ပြီလျှင် Rice Cooker ဖြင့် ရိုးရိုးထမင်းချက်သလိုပင် ရေ(၃ခွက်) ထည့်ပြီ ချက်ပေးပါ။
၎။ ခွက်တစ်ခုထဲတွင် ရှာလကာရည်၊ သကြား၊ ဆား၊ mirin(သို့) ဆာကေး တို့ကို ရောထည့်လိုက်ပါ။
၅။ သကြားအရည်ပျော် စေရန် ဒယ်ပြားသေးထဲ ခွက်ထဲမှ ဆော့ရည်များကို အပူပေးပြီ ပြန်အအေးခံထားပါ။
၆။ ပြီနောက် ထိုအအေးခံထားသော ဆော့ရည်ကို ဆူရှီထမင်းပေါ်သို့ လောင်းထည့်ပြီ ယောင်းမဖြင့် ရောမွှပေးပါ။ ပြီနောက် ၁၀မိနစ်ခန့် အခန်းအပူအချိန်တွင် ထားထားပေးပါ။
Finger ဆူရှီ လုပ်နည်း
၁။ ဆူရှီ ထမင်းချက်နေစဉ်အတွင်း ဆယ်မွန်ငါးကို အအေးခန်းထဲမှ ထုတ်ထားပေးပါ။
၂။ ဆယ်မွန်ငါးကို မလှီခင် ဓားကို ဗီနီကာ၊ ရေ၊ သံပရာသီး တို့ဖြင့် ရောမွှေထားတဲ့ ခွက်ထဲ စိမ်ပေးပါ။
၃။ ပြီမှ ပုံတွင် ပါသည့်အတိုင်း ဆယ်မွန်ငါးများကို ညီညီညာညာ ပါးပါးလေး လှီးပေးပါ။
၎။ ဆာရှီမီကြိုက်တဲ့ သူတွေကတော့ ဆယ်မွန်ငါးများကို ဂျပန်ပဲငံပြာရည်နဲ့ ခုတွဲဖက် သုံးဆောင်လို့ရပါပြီ။
၅။ Finger Sushi ကြိုက်တဲ့သူတွေကတော့ လက်ထဲ ဆယ်မွန်အသားလွှာ တစ်ခုကို တင်လိုက်ပါ။
၆။ ပြီလျှင် လက်ကို ရေအနည်းငယ်စွတ်ပြီ ဆူရှီထမင်းကို လက်ဖြင့်လုံးပြီ ဆယ်မွန်ငါးပေါ်တင်လိုက်ပါ။
ရ။ ထို့နောက် လက်နှစ်ချောင်းပြီ ငါးသားတွေ ထမင်းကပ်သွားအောင် အသာလေးဖိပေးပါ။ ပြီနောက် ပုံစံကျအောင် လက်ဖြင့် ဆုပ်ပေးပါ။
၈။ ထို့နည်းအတိုင်း ကျန် ဆယ်မွန်ဆူရှီများကို ပြုလုပ်ပေးပါ။
၉။ ဂျပန် ဆယ်မွန် ဆူရှီလေးများကို ပဲငံပြာရည်(သို့) မရိုနိစ်ဖြင့် ကြိုက်နှစ်သက်သလို တွဲဖက်သုံးဆောင်လို့ရပါပြီ…