ကညွှတ် နှင့် တို့ဟူး အချိုကြော်

ကညွှတ် နှင့် တို့ဟူး အချိုကြော်

Asparagus&Tofu_StirFry5
သက်သက်လွတ် ကညွှတ် နှင့် တို့ဟူးကို အချိုကြော်ထားတာပါ။ ကညွှတ်က ဗီဒမင်-ဘီဓာတ်ပါဝင်တာမို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ဟင်းလျာ တစ်ခုပါ။ ဆော့ကြောင့် အရသာက ချိုစိမ့်ပြီ ထမင်းနဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
  • ဂျပန် တို့ဟူး(အ၀ါ) – ၂ခု (လက်မ ၃ပုံ၂ပုံ အရွယ် ပိုင်းဖြတ်ထားပါ)
  • ကညွှတ် – ၁စည်း (၃၈၀ ဂရမ်၊ ၁လက်မခွဲရွယ် ပိုင်းဖြတ်ထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (၈စိပ်စိပ်ပေးပါ)
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (ရေ(စားပွဲတင်ဇွန်း ၂ဇွန်း) ဖြင့် ရောဖျော်ထားပါ)
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
ဆော့ရည်တွင် ပါဝင်ပစ္စည်းများ
  • Vegetarian ခရုဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
Asparagus&Tofu_StirFry
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီများများထည့်ပြီ တို့ဟူးများကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပြီ ပြန်ဆယ်ထားပါ။
Asparagus&Tofu_StirFry1
၂။ ပြီလျှင် ခွက်တစ်ခုထဲတွင် ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ခရုဆီ၊ ရှာလကာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ ရေ) တို့ကို သမအောင် ရောမွှေလိုက်ပါ။
Asparagus&Tofu_StirFry2
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
Asparagus&Tofu_StirFry3
၂။ ပြီနောက် တို့ဟူး၊ ကညွှတ်၊ ဆော့ရည်များကို လောင်းထည့်ပြီ သမအောင် ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် တည်ပေးပါ။
Asparagus&Tofu_StirFry4
၃။ ပြီနောက် ကော်ရည်၊ နှမ်းဆီ ထည့်ပြီ ရောမွှေကာ မီးပိတ်လိုက်ပါ။
၎။ အရသာရှိသော ကညွှတ် နှင့် တို့ဟူး အချိုကြော်ကို ထမင်းပူပူလေးနဲ့ တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ…
Asparagus&Tofu_StirFry5