မုန့် လင်မယား (သို့ ) မုန့် မောင်နှမ (သို့ ) မုန့် အုပ်ကလေး
အိစံတို့ ဆီမှာတော့ မုန့် လင်မယားလို့ ပဲခေါ်ပါတယ်။ အခြားဒေသတွေမှာတော့ အမျိုးမျိုးခေါ်တာပေါ့နော်။ အိစံအကြိုက်ဆုံးမုန့် ထဲက တခုပါပဲ။ ဆီလေးတော့ နည်းနည်းများပေမယ့် အရမ်းစားလို့ ကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ဆန်အစိမ်းမှုန့် - ထမင်းစားဇွန်း ၇ ဇွန်း
၂။ ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ ပဲမှုန့် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၎။ ဂျင်း - လက်တဆစ်
၅။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်
၆။ စားတော်ပဲပြုတ်
၇။ ငုံးဥ
၈။ အသေးလေးတွေစိတ်ထားသော ခရမ်းချဉ်သီး (ချဉ်စပ်အတွက်)
၉။ နံနံပင် (ချဉ်စပ်အတွက်)
၁၀။ ပါးပါးလှီးထားသော ငရုတ်သီး (ချဉ်စပ်အတွက်)
၁၁။ နှမ်းထောင်း
၁၂။ ဆီ
၁၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၄။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၅။ သကြား (သို့ ) အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တ ၀က်
၁၆။ ရေ - ၅၀၀ ml
ပြုလုပ်နည်း
၁။ ဂျင်းကို ထောင်းထားပါ။ ဇွန်း သေးသေးတချောင်းရဲ့ ထိပ်ကို အ၀တ်စတခုပတ်ပြီး သရေကွင်းဖြင့် ချီထားပါ။ (ဆီပုတ်ရအောင်လို့ ပါ။)
၂။ ဇလုံတခုထဲတွင် ဆန်မှုန့်၊ ကောက်ညှင်းမှုန့် ၊ ပဲမှုန့် ၊ ဆား၊ သကြား(သို့ ) အချိုမှုန့် ၊ ကြက်သားမှုန့်  နှင့် ထောင်းထားသော ဂျင်းမှ အရည်ညှစ်ထည့် ပြီး ရေထည့်အမှုန့် များအရည်ပျော်သွားအောင် ပြုလုပ်ပါ။
၃။ ပြုလုပ်မည့် မုန့် လင်မယားအိုးကို ဆီဝနေအောင်သုတ်ထားပါ။ မုန့် လင်မယား ခွက်တခုဆီရဲ့ အထဲမှာ ဆီအနည်းငယ်ရှိနေပါစေ။
၎။ မုန့် လင်မယားအိုးမှ ဆီပူလာလျှင် မုန့် နှစ်များကို တခွက်စီရဲ့ တ၀က်ကျော်ကျော်အထိထည့်ပါ။
၅။ ပြီးလျှင် မုန့် လင်မယားအတွက် ကြက်သွန်မြိတ်နှင့် ပဲပြုတ်ကိုထည့်ပါ။ ထည့်ပြီးလျှင် မုန့် လင်မယားခွက်တွေရဲ့ နှုတ်ခမ်းသားတွေကို အ၀တ်ပတ်ထားသော ဇွန်းကို ဆီစွတ်ရ်ျ ဆီလိုက်ပုတ်ပါ။
၆။ မုန့် သားများ ကျွတ်ပြီး ညိုလာလျှင် နောက်တဖက် မုန့် သားပေါ်ကို ထပ်လိုက်ပါ။ မုန့် လင်မယားများကို လိုချင်သော အကြွပ်ဖြစ်အောင် ဟိုဘက်ဒီဘက် လှန်ပေးပါ။ ထို့ နောက် အိုးပေါ်မှ ယူရ်ျ နှမ်းထောင်းလေးဖြင့် သုံးဆောင်နိုင်ပါပြီ။
၇။ ငုံးဥ ဖြင့် လုပ်မည်ဆိုလျှင် မုန့် နှစ်ကို မုန့် ခွက်ထဲ တ၀က်ခန့် ထည့်၊ ပြီးလျှင် ငုံးဥကိုဖောက်ထည့်ပြီး မုန့် သားအခွံကျက်ရ်ျ အရောင်ညိုလာပါက အိုးပေါ်မှ ချရ်ျ သုံးဆောင်နိုင်ပါပြီ။
၈။ ချဉ်စပ်အတွက်ကို မုန့် နှစ်ထည့်ပြီး၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့ ထည့်ရ်ျ အထက်ပါနည်းအတိုင်းပြုလုပ်
