ရှန်ဟိုင်းစတိုင် ကြက်သား ကျွဲခေါင်းသီး နှင့် မှို ဟင်းလျာ
ရှန်ဟိုင်းစတိုင် ကြက်သား၊ မှို ဟင်းလျာ
တရုတ်နိုင်ငံ ရှန်ဟိုင်းပြည်နယ်က ဟင်းလျာတစ်ခုဖြစ်တဲ့ ကြက်သား၊ ကျွဲခေါင်းသီး၊ မှိုဟင်းလျာပါ။ Braised လုပ်ပြီ ချက်ရတယ်ဆိုတဲ့ အတိုင်း အရင်ဆုံး မီးပြင်းပြင်းနဲ့ ချက်ပြီမှ မီးနည်းနည်းဖြင့် ချက်ရတာပါ။ အရသာ ချိုစိမ့်လေးနဲ့မို့ အရမ်းကောင်းပါတယ်။ ကြက်ပေါင်ကို ပဲငံပြာရည်၊ သကြား၊ ဟင်းချက်ဝိုင်တိုနဲ့ ချက်ပြီမှ မှို၊ ကျွဲခေါင်းသီးတို့နဲ့ ရောချက်ထားတာပါ။ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် – ၄ခု (ထပ်ခြမ်းခြမ်းထားပါ)
- ကျွဲခေါင်းသီး(Water chestnut) – ၁ခွက် (Readymade ဗူးတွေ Supermartket တွင် ၀ယ်ယူနိုင်)
- မှိုပွင့်မဲခြောက် – ၅ခု (ရေနွေးဖြင့်ပြုတ်ထားပြီ အညှာဖယ် ထပ်ခြမ်းခြမ်းထားပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ဂျင်း – ၂ပြား
- နတ်နတ်ပွင့် – ၃ပွင့်
- ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
- မြေပဲဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်ပြုတ်ရည်(သို့)ရေ – ၁ခွက်
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ကော်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
နုပ်ထားရန် ပါဝင်ပစ္စည်းများ
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ဟင်းချက်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
- ပဲငံပြာရည် (အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
- ကော်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်ပေါင်များကို (ဆား၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်၊ သကြား၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် ရောမွှေကာ နာရီဝက်ခန့် နုပ်ထားပေးပါ။
၂။ ပြီမှ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ၊ ဂျင်း ဆီသပ်ပေးပါ။
၃။ ဆီသပ်ပြီလျှင် နုပ်ထားသောကြက်သား ထည့်ကာ အရောက်ရအောင် ၂မိနစ်ခန့် ရောမွှေပေးပါ။
၎။ ပြီနောက် မှို၊ ကြက်ပြုတ်ရည်၊ ပဲငံပြာရည်၊ သကြား၊ ဆား တို့ထည့်ပြီ မီးပြင်းပြင်းဖြင့် ရေခမ်းသည်အထိ ၁၅မိနစ်ခန့် တည်ထားပေးပါ။
၅။ ပြီလျှင် ကြက်သား ရေမြုပ်ရုံ နောက်တရေ ထည့်၊ ကျွဲခေါင်းသီးထည့်ပြီ မီးနည်းနည်းဖြင့် အဖုံးအုပ်ကာ ၁၅မိနစ်ခန့် တည်ထားပါ။
၆။ ဆီပြန်လာပြီဆိုလျှင် ကြက်သွန်မြိတ်၊ နှမ်းဆီဖြူးကာ မီးပိတ်လိုက်ပါ။
ရ။ အရသာရှိသော ရှန်ဟိုင်းစတိုင် ကြက်သား ကျွဲခေါင်းသီး နှင့် မှို ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ..