ကယ်လီဖိုနီယား ဆူရှီ

ကယ်လီဖိုနီယား ဆူရှီ

အမေရိကာမှာ လူကြိုက်များတဲ့ ကယ်လီဖိုနီယား ဆူရှီပါ။ ဂဏန်းသား၊ ထောပတ်၊ သခွာသီး၊ ကြက်ဥ အရသာစုံ ပေါင်းစပ်ထားတာပါ။ ကယ်လီဖိုနီယား ဆူရှီမှာ ဆူရှီထမင်းနဲ့ ရေညှိရွက်ကို ပြောင်းပြန်ခင်းပြီမှ လိပ်ထားတာပါ။ ဆူရှီလေး တူတူလုပ်ကြည့်ရအောင်…
ကယ်လီဖိုနီယား ဆူရှီ ပါဝင် ပစ္စည်းများ
  • ဆူရှီ ထမင်း – (ဆူရှီ ထမင်း ချက်နည်းကို ဂျပန်ဆယ်မွန်ဆူရှီ လုပ်နည်းတွင် ကြည့်ပါ)
  • ရေညှိရွက် – ၃ရွက်
  • ဂဏန်းချောင်း – ၆ချောင်း (အချောင်း ပါးပါးလှီးပါ)
  • ထောပတ်သီး – ၁လုံး (အရှည် လှီးပေးပါ)
  • သခွာသီး – ၁ခု ( အခွံနွှာပြီ အရှည်လေးများ လှီးထားပေးပါ)
  • ကြက်ဥ – ၂လုံး (ခလောက်ပြီ ဆား၊ သကြားထည့်ပြီ ကြော်ပြီ အရှည်လှီးပါ)
ကယ်လီဖိုနီယား ဆူရှီ လုပ်နည်း
၁။ ဆူရှီ မလိပ်မှီ ၀ါးယင်းလိပ်ကို ပလတ်စတစ် အကြည် အရင်အုပ်လိုက်ပါ။
မှတ်ချက် ။ ။ ဆူရှီထမင်းများ ၀ါးယင်းလိပ်နှင့် မကပ်သွားစေရန်ဖြစ်သည်။
၂။ ပြီမှ ရေညှိရွက်တစ်ရွက်ခင်းပြီ ပုံတွင်ပါသည့်အတိုင်း ဆူရှီထမင်းများ ရေညှိရွက်အပြည့် ဇွန်းဖြင့် ဖြန့်တင်လိုက်ပါ။
၃။ ပြီမှ ထမင်းခင်းထားသော ရေညှိရွက်ကို ပုံတွင်ပါသည့်အတိုင်း ပြောင်းပြန်မှောက်လိုက်ပါ။
၎။ ထို့နောက် ရေညှိရွက်ပေါ်မှ ဂဏန်းချောင်း၊ သခွာသီး၊ ထောပတ်သီး၊ ကြက်ဥ တို့ကို တင်ထားပါ။
၅။ ပြီမှ ၀ါးယင်းလိပ်ဖြင့် ဖြည်းဖြည်းချင်း ကျစ်ကျစ်ပါအောင် လိပ်သွားပေးပါ။
၅။ ကယ်လီဖိုနီယား ဆူရှီရပြီဆိုလျှင် ဓားဖြင့် ၈ပိုင်းပိုင်း လိုက်ပါ။ ကျန်ဆူရှီ လိပ်များကို ထိုနည်းအတိုင်း ဆက်လိမ့်ပါ။
၆။ အရသာ ကောင်းမွန်တဲ့ ကယ်လီဖိုနီယား ဆူရှီကို သုံးဆောင်နိုင်ပါပြီ…
—————————————————————————————