ဂဏန်း ​ရှောက်​ဘီးလူးချဉ်​စပ်​...

ဂဏန်း ​ရှောက်​ဘီးလူးချဉ်​စပ်​..... 😋
ပါဝင်​ပစ္စည်းများ ။ ။
ဂဏန်း အ​ကောင်​ကြီး ၅ ​ကောင်
ငရုပ်​ပွ​ခြောက်​ကို အ​စေ့ဖယ်​ပြီးသား ၂ကျပ်​သား
ငရုပ်​​ကောင်း​မှုန့်​ အနည်းငယ်
ခရမ်းချဉ်​သီး ၂၀ကျပ်​သား
ဆီ လိုသ​လောက်
ရှောက်​သီး တစ်​စိတ်
ကုလား​အော်​ငြုပ်​သီး ၅ ​တောင့်
ကြက်​သွန်​နီ ၂လုံး၊ကြက်​သွန်​ဖြူ ၁၀ မွှာ၊ ဂျင်း လက်​တစ်​ဆစ်​ (အနှစ်​များများကြိုက်​ပါက မိမိစိတ်​ကြိုက်​ထည့်​ပါ)
နှနွင်း အနည်းငယ်​၊ဆား၊ ဟင်းခတ်​မှုန့်​၊ သကြား လိုသ​လောက်​၊ယ်ုဒယားမယ်​ အ​ကြော်​မှုန့်​ ၁ ထုပ်
ရှောက်​ဘီလူးသီးတစ်​လုံး(​တော​ရှောက်​သီး၊မသိပါက ပုံတွင်​ကြည့်​ပါ)
ချက်​နည်း။ ။
ဂဏန်းကို ​ဆေး​ကြောသန့်​စင်​ပြီး ဗိုက်​ထဲသို့ ငရုပ်​​ကောင်းမှုန့်၊ဆား၊ဟင်းခတ်​မှုန့်​ အနည်းငယ်​ဆီ သိပ်​ထည့်​ပြီး ယိုးဒယားမယ်​ အ​ကြော်​မှုန့်​ကို ​ဖျော်​ထား​သော အနှစ်​ဖြင့်​ သိပ့်​ပြီး ​ကြော်​ပါ၊ကြက်​သွန်​နီ၊ဖြူ၊ဂျင်း၊ငရုပ်​သီး​ခြောက်​​ထောင်းထားတာ ကို ဆီသပ်​ပြီး ခရမ်းချဉ်​သီး အနှစ်​ကျ​အောင်​ ချက်​ပါ၊ဆီပြန်​ပြီး ​အနှစ်​ကျ၍ ​မွှေးလာရင်​ ​ကြော်​ထားတဲ့ ဂဏန်းများကို ထည့်​ပါ၊​ရေ​နွေးအနည်းငယ်​ထည့်​ပြီး သကြား၊ဟင်းခတ်​မှုန့်​၊ဆား၊​ရှောက်​သီးလိုသ​လောက်​ထည့်​၊ကုလား​အော်​ငြုပ်​သီးကို ထက်​ခြမ်းခြမ်း ပြီးထည့်​၊​ရှောက်​ဘီလူးအ​ပေါ်ယံအခွံကို အနံ​မွှေးယုံ​လောက်​ ခြစ်​ထည့်​ပါ(များလျှင်​ခါးတတ်​ပါသည်​)၊​ရေခမ်း၍ ဆီပြန်​ပြီး အနှစ်​ကျ၍ ​မွှေးလာတဲ့ခါ အရသာ လိုအပ်​သလို ပြုပြင်​ပါ၊ချိုချဉ်​စပ်​​မွှေး ​ဂဏန်း​ရှောက်​ဘီလူးချက်​ ကို ​ဆိုင်​မှာ ​ဈေးကြီး​ပေး စားစရာ မလိုဘဲ အိမ်​မှာ ချက်​စားကြည့်​ကြပါ​နော့်​..