ငချိတ်မုန်.လုံးရေပေါ် အုန်းနို.ဆမ်း

ငချိတ်မုန်.လုံးရေပေါ် အုန်းနို.ဆမ်း (၂၇ လုံး)
(တင်ပြီးသားအဟောင်းပေမယ့် သင်္ကြန်ရာသီမို့လို့ ထပ်တင်လိုက်ပါတယ်။)
မုန့်လုံးရေပေါ်ကို ကောက်ညင်းမှုန့်ဖြင့်လုပ်လျှင် ကောက်ညင်း လေးဆ၊ ဆန် တစ်ဆ အချိုးလုပ်ပါတယ်။ ငချိတ်ကတော့ ကောက်ညင်းလောက် မစီးတာမို့ ဆန်အချိုးကို လျှော့ပြီးလုပ်ထားပါတယ်။ ဌာပနာကို ထန်းလျက်အစား မုန့်လုံးကြီးမှာသုံးတဲ့ အုန်းယိုကိုသုံးထားပါတယ်။ ဘာပဲဖြစ်ဖြစ် မုန့်ကရေပေါ် ပေါ်လာတာကြောင့် မုန့်လုံးရေပေါ်လို့ပဲ အမည်ပေးထားပါတယ်ရှင်.... 
** အုန်းနို့ဖြင့် လုပ်သော အုန်းယိုလေး လုပ်ရအောင်…
(ပမာဏ၏ အချိုးအစားတစ်ဝက်ကိုတာ လိုတာမို့ တစ်ဝက်လျှော့ပြီး လုပ်ပေးပါ။)
1. ခြစ်ပြီးသား အုန်းသီးအခြောက် – 150 g (တရုတ်ပန်းကန်လုံး ၂ လုံး )
2. သကြား – ထမင်းစားဇွန်း ၁၂ ဇွန်း
3. ဆား – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
4. ရေ – ထမင်းစားဇွန်း ၂ ဇွန်း (အုန်းသီးအစိုကိုသုံးလျှင် ရေထည့်ရန်မလိုပါ။)
5. အုန်းနို. – ထမင်းစားဇွန်း ၆ ဇွန်း
ရေ၊ သကြား နှင့် အုန်းနို. တို.ကို ပျော်အောင်ကျိုပေးပါ။
ပျော်လျှင် အုန်းသီးဖတ်များထည့်မွှေကျိုပေးပါ။
အရည်အတော်လေးခြောက်လျှင် အုန်းနို. နှင့် လုပ်သော အုန်းယိုလေးရပြီမို. မီးပိတ်ပြီး မီးဖိုမှဖယ်ထားပါ။
အနည်းငယ်အေးသွားလျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် အလုံးလေး ၂၇ လုံး လုံးထားပါ။
** အုန်းနို.အရည် အတွက် လိုအပ်တာလေးတွေ….
1. အုန်းနို. – ၁ ဗူး (400 ml)
2. သကြား – 1/3 cup (80 ml)
3. ဆား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
** ငချိတ်မုန်.လုံးရေပေါ် အတွက် လိုအပ်တာလေးတွေ…
1. အုန်းနို.ဖြင့် လုပ်သော အုန်းယို - ၂၇ လုံး
2. ငချိတ်မှုန်. (black glutinous rice flour) – 4 1/2 cups (rice cooker တွင်ပါသောခွက်)
3.ဆန်မှုန်. – 1/2 cup (rice cooker တွင်ပါသောခွက်)
4. ဆား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
5. ရေ – ခန့်မှန်းခြေ 2 cups ခန့် (rice cooker တွင်ပါသောခွက်)
ငချိတ်မှုန်.၊ ဆန်မှုန်. နှင့် ဆားကို ဇလုံတစ်လုံးထဲထည့်ပါ။
ရေကို တစ်ခါတည်း အများကြီးလောင်းမထည့်ပဲ နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ။
မုန်.နှစ်ကို ထမင်းစားဇွန်း ၁ ဇွန်းခန့် အလုံးလေးလုံးပေးပါ။
အလုံးလေးကို လက်နှင့်ဖိပြားပြီး အုန်းယိုကိုထည့်ကာ လုံအောင် လုံးထားပါ။
ကျန်မုန်.နှစ်များကိုလည်း အုန်းယိုထည့်ကာ အထက်ပါ နည်းအတိုင်းလုံးထားပါ။
ပြီးလျှင် ပွက်ပွက်ဆူနေသည့်ရေထဲ ငချိတ်လုံးလေးများ ကို ဖြည်းဖြည်းချင်း ထည့်ပေးပါ။
ငချိတ်လုံးများ ရေပေါ် ပေါ်လာလျှင် ချက်ချင်းမဆယ်သေးပဲ ၂ မိနစ်ခန်. ဆက်ထားပါ။
ပြီးမှ ဇကာဇွန်းလေးနှင့် ဆယ်ပေးပါ။
ဆယ်ပြီးလျှင် တစ်လုံး နှင့် တစ်လုံး မကပ်အောင် ထားပါ။
ငချိတ်မုန်.လုံးရေပေါ်လေးတွေ အသင့်ဖြစ်ပြီမို. အုန်းနို.၊ သကြား နှင့် ဆားကို medium heat ဖြင့် ဆူလာအောင် မွှေပြီးကျိုပေးပါ။
ဆူလာလျှင် ငချိတ်လုံးများအားလုံးကို ဖြည်းဖြည်းချင်းထည့်ပြီး ထပ်ဆူလာအောင် ဆက်တည်ထားပါ။
ထပ်ဆူလာပြီးနောက် ၅ မိနစ်ခန်. ဆက်ထည်ထားပါ။ (အိုးအဖုံး ဖုံးရန်မလိုပါ။)
ထို.နောက် အိုးအဖုံး ဖုံးကာ မီးဖိုမှဖယ်၍ ၅ မိနစိခန့် ထပ်ထားပြီှးလျှင် ငချိတ်မုန်.လုံးရေပေါ် အုန်းနို.ဆမ်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။웃

Image may contain: dessert and food