မုန့် ကုလားမည်း (အလွယ်နည်း)


မုန့် ကုလားမည်းကတော့ အိစံ အကြိုက်ဆုံးတွေထဲက တခုပါပဲ။ ထိုးမုန့် ထက်သူ့ ကို ပိုကြိုက်ပါတယ်။ မုန့် ကုလားမည်းကို လုပ်ရာမှာ ကောက်ညှင်းငချိတ်ချည်းပဲသုံးရင် မာမာလေးရပါတယ်။ ကောက်ညှင်းမှုန့် အနည်းငယ်ကိုေ၇ာသုံးရင်တော့ နည်းနည်း အိအိလေးရပါတယ်။ အိစံကတော့ ကောက်ညှင်းမှုန့် နည်းနည်းကိုေ၇ာသုံးပါတယ်။ အခုလုပ်နည်းကတော့ ခါတိုင်း ထိုးမုန့် လုပ်နည်းတွေလိုပဲ ထမင်းပေါင်းအိုးနဲ့ အ၇င်ချက်ပြီးမှ ဒယ်အိုးထဲထည့်ပြီးမွှေတာဖြစ်လို့ လက်ညောင်းတော်တော်သက်သာတဲ့ နည်းပါ။ လုပ်ကြည့်ကြနော်။

ပါဝင်သောပစ္စည်းများ (8" X 8" ဘန်းအသေးစာ)
၁။ ကောက်ညှင်းငချိတ်အမှုန့် - ၁ ခွက် (၁ခွက်= ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml တခွက်စာ = ရိုးရိုးကော်ဖီခွက် တ ခွက်)
၂။ ကောက်ညှင်းမှုန့်  - ထမင်းစားဇွန်း ၅ ဇွန်း
၃။ သကြား - ၁ ခွက် (၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml တခွက် = ရိုးရိုးကော်ဖီခွက် တခွက်)
၎။ အုန်းနို့ - ၁ ဘူး (၄၀၀ ml)
၅။ ရေ - ၁ ခွက်
၆။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၇။ ထောပတ် - ထမင်းစားဇွန်း ၆ ဇွန်း
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)

ပြုလုပ်နည်း
၁။ ကောက်ညှင်းငချိတ်မှုန့် ၊ကောက်ညှင်းမှုန့် နှင့် ရေတို့ ကို ထမင်းပေါင်းအိုးထဲထည့်ရ်ျ ထမင်းချက်သလိုချက်ပါ။
၂။ ကျက်လျှင် ပေါင်းအိုးထဲကို အုန်းနို့ ၊ သကြား၊ ဆား၊ ထောပတ် ထမင်းစားဇွန်း ၂ ဇွန်း ထည့်၇်ျ မွှေပါ။ ခုနက ကျက်ပြီးသား ကောက်ညှင်းရဲ့ အိုးမှာကပ်နေတာများကို အသာလေးခွာပါ။ ပြီးလျှင် နောက်ထပ် ထမင်းချက်သလိုထက်ချက်ပါ။
၃။ ကျက်လျှင် ဒယ်အိုးတခုထဲကို ကျန်သောထောပတ် ထမင်းစားဇွန်း ၄ ဇွန်းနှင့် ချက်ထားသော ကောက်ညှင်းကို ထည့်ရ်ျ ဆီပြန်ပြီး လုံးလာသည်အထိ ယောင်းမဖြင့် အဆက်မပျက်မွှေပါ။
၎။ ဆီပြန်ပြီး လုံးလာလျှင် ဆီသုတ်ထားသော ဘန်းထဲကို ထည့်၇်ျ အအေးခံပါ။
၅။ အေးလျှင် ကြိုက်နှစ်သက်သော အရွယ်အစားကို လှီးရ်ျ သုံးဆောင်နိုင်ပါပြီ။
Image may contain: dessert and food