သာကူ အုန်းနို့ဆမ်း

သာကူ အုန်းနို့ဆမ်း

Thar_Guu_5
ထိုင်းစတိုင် သာကူ အုန်းနို့ဆမ်း အချိုပွဲပါ။ ဒီချက်နည်းက သာကူ၊ အုန်းနို့၊ သကြားရည်တို့ကို သက်သက်စီ ကျိုပြီမှ တပွဲစာခြင်းပြင်ပြီ သုံးဆောင်ရတာပါ။ ပြီတော့ အာလူး၊ ငပျောသီးတို့နဲ့ ချိုစိမ့်စိမ်လေးမို့ အရမ်းစားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
  • သာကူထုပ်(အစိမ်းထုပ်) – ၁ခွက် (measurement ချိန်ခွက်ဖြင့်)
  • အုန်းနို့ခရင်မ် – ခွက် ၁ခွက်ခွဲ
  • သကြား – ခွက် ၄ပုံ၃ပုံ
  • ရေ – ခွက် ၃ခွက်ခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • အာလူး – ၂လုံး (နူအောင် ပြုတ်ပြီ လက်မ၀က်အရွယ် အတုံးများ တုံးပါ)
  • သီးမွှေးငပျောသီး – ၂လုံး (ထပ်ခြမ်းခြမ်းပြီ အတုံးများ တုံးပါ)
Thar_Guu_
ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်အိုးထဲ သကြား၊ ရေ(ခွက်တ၀က်) ထည့်ပြီ သကြားအရည်ပျော်သည်အထိ တည်ထားပြီ ခွက်ထဲ ပြန်ဖယ်ထားပါ။
Thar_Guu_3
၂။ ပြီလျှင် ဒယ်ထဲ အုန်းနို့ထည့် အုန်းနို့ ဆူလာလျှင် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)ထည့်ကာ ရောမွှေပြီ ခွက်ထဲ ပြန်ဖယ်ထားပေးပါ။
Thar_Guu_2
၃။ သာကူစေ့များကို ဇကာဖြင့်ထည့် ရေလောင်းပေးပါ။ ရောမမွှေပါနှင့်။
၎။ ပြီနောက် ဒယ်အိုးထဲ ရေ ၃ခွက်(၆၀၀ မီလီလီတာ) ထည့်ပြီ ရေပွက်ပွက်ဆူလာမှ သာကူစေ့များကို ထည့်ပြီ သာကူကျက်သည်အထိ တည်ထားပါ။
၅။ သာကူ တည်ထားစဉ် ဇွန်းဖြင့် မွှေပေးပါ။ သာကူအလယ်စံများ မရှိလျှင် ဇကာဖြင့် သာကူများကို ပြန်စစ်ပြီ အစေးများ မရှိအောင် ရေသေချာ ဆေးပေးပါ။
IMG_2775
၆။ သာကူ အုန်းနို့ဆမ်း စပြင်လို့ရပါပြီ။ တပွဲစာ ပြင်ပါမည်။ ပန်းကန်ထဲ သာကူစေ့(၃ပုံ၁ပုံ)၊ သကြားရည်၊ အုန်းနို့၊ အာလူး၊ ငပျောသီးများကို ထည့်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
Thar_Guu_5