ပဲနဲ့ချက်တဲ့ကောက်ညှင်းဆီထမင်း
#🍛🍛🍛
ရာသီစာ အစားအစာလေးပေါ့
ဆောင်းတွင်း မနက်ခင်းအေးအေးမှာ ပဲကောက်ညှင်းဆီထမင်းနဲ့ ငါးရံခြောက်ဖုတ် အကြော်စုံလေးနဲ့ ရေနွေးပူပူလေးဆို ပြီးပြည့်စုံသွားပါပြီနော်🍛🍛

ချက်နည်း ရေးပေးလိုက်ပါပြီရှင်
နတ်တော်ပဲခေါ်တလပဲကို အရင်ပြုတ်ပါ
ပဲကအခြောက်မို့ အရင်ပြုတ်တာပါ ပဲအစိုဆိုပြုတ်စရာမလိုပါဘူးနော်
ကောက်ညှင်းဆန်အဖြူကို ရေစင်အောင်ဆေး ရေစိမ်ထားပါ
ပဲပြုတ်တာ ပဲပွလာပြီဆို တရေသွန်ပစ်ပြီး နှစ်ထပ်လောက် ဆေးပစ်လိုက်တယ်
ပဲပြုတ်ရည်တွေ သွန်မပစ်ရင်တော့ ကောက်ညှင်းအရောင်မပေါက်ဘဲ ငချိတ်ထမင်းလို ပြာနှမ်းနေမှာပါ
ပြာနောက်နောက် အရောင်ကြိုက်ရင်တော့ သွန်မပစ်နဲ့ပေါ့ ကျွန်မကတော့ သွန်ပစ်ပါတယ်
ပဲပွနေတုံးရေဆေးပြီး ရေထည့်ပြန်တည်ပါတယ် ပဲကပွရုံအဆင့်မှာ သွန်ပစ်တာပါ နပ်တဲ့အဆင့်မဟုတ်သေးလို့ ကောက်ညှင်းမထည့်သေးဘဲ ပြန်ပြုတ်ပါတယ်
တခါပြန်ပွက်လာရင် နပ်တဲ့အဆင့်ရောက်ပါပြီ ဒီအချိန်မှာ ကောက်ညှင်းဆန် ရေဆေးထားတာထည့်ချက်လို့ ရပါပြီ
ထမင်းချက်သလို ရေများထည့်စရာမလို ရေကို ထမင်းချက်တာထက်လျော့ထည့်ပါ
ကောက်ညှင်းနဲ့ပဲပေါ် ရေလွှမ်းရုံထည့်ပြီး ပြန်ထမင်းချက်သလို ချက်ရမှာပါ
ကျွန်မကတော့ ဒီနေရာမှာ ကောက်ညှင်းဆီထမင်းဖြစ်အောင် မြေပဲဆီစစ်စစ် ထမင်းစား(5)ဇွန်းနဲ့ ဆားသင့်ရုံ တခါတည်းထည့် ပေါင်းအိုးခလုတ်နှိပ်ချက်ပါတယ်
ပေါင်းအိုးခလုတ်တတ်ရင် ပဲကောက်ညှင်းဆီထမင်းပူပူလေးကို နှမ်းလှော်ထောင်းလေးဖြူး ဆီလိုရင် မြေပဲဆီလေးထပ်ဆမ်း သုံးဆောင်နိုင်ပါပြီနော်
ပဲကောက်ညှင်းဆီထမင်းကို ငါးရံခြောက်ဖုတ်လေးနဲ့စားစား အကြော်စုံစုံလေးနဲ့စားစား မနက်ခင်း ရေနွေးပူပူလေးနဲ့ အရမ်းလိုက်ဖက်ပါတယ်လို့

#ဖြိုးလက်ရာပဲကောက်ညှင်းဆီထမင်း
(၇)ရက်သားသမီးအားလုံး ကျန်းမာစေကြောင်း ဆန္ဒပြုလျှက်