ဂေါ်ဖီ ကြော်
ဂေါ်ဖီ ကြော်
ခရီးရက်ရှည် သွားနေတာနဲ့ ဟင်းသစ် မတင်ဖြစ်တာတောင် ကြာသွားပြီ။
ဒါကတော့ အိန္ဒိယစတိုင် ဂေါ်ဖီကြော်လေးပါ။ အမြင်သာ သိပ်မလှတာရယ် စားလို့တော့ အရမ်းကောင်းပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူပြီ အချိန်တိုအတွင်းမှာပဲ ချက်စားနိုင်ပါတယ်။ နေ့လည်စာ၊ အစာပြေ အတွက် စားမယ်ဆိုလည်း အဆင်ပြေပါတယ်။ ချက်တဲ့အခါ Roast လုပ်ထားတဲ့ မြေပဲ အစား ရိုးရိုးမြေပဲနဲ့ ကြော်တာက ပိုမိုကောင်းမွန်ပါတယ်။ ထို့ပြင် ပျဉ်တော်သိမ်း၊ ငရုတ်သီးခြောက် လှော်ထားမို့ အနံ့ကတော့ အလွန် သင်းပျံ့နေပါတယ်။ တူတူချက်ကြည့် ရအောင်…
ပါဝင်ပစ္စည်းများ
- ဂေါ်ဖီ (cabbage) ♦ တ၀က် ( အရှည်လေးများ လှီးထားပါ)
- ဟင်းရွက်ဆီ (vegetable oil) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
- မုန်ညှင်းစေ့ (mustard seeds) ♦ လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်သီးခြောက် (dried red chillies) ♦ ၂ခု
- ရိုးရိုးမြေပဲ (peanut) ♦ စားပွဲတင်ဇွန်း ၁ဇွန်း (အမောက်)
- ပျဉ်တော်သိမ်းရွက် (curry leaves) ♦ ၁၀ရွက်
- ဆား (salt) ♦ လက်ဖက်ရည်ဇွန်း တ၀က်
- ခနော ကြက်သားမှုန့် (chicken powder) ♦ လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့်ကာ ဆီပူလာလျှင် မုန်ညှင့်စေ့။ ငရုတ်သီးခြောက်၊ ပျဉ်တော်သီမ်းရွက်၊ မြေပဲ ဆို့ကို ထည့်ကာ စက္ကန့် ၃၀ခန့် ဆီပူထိုးပေးပါ။
၂။ ပြီလျှင် မီးလျှော့ပြီ ဂေါ်ဖီ၊ ဆားများ ထည့်ကာ ရောမွှေကာ ၃မိနစ်ခန့် ကြောပေးပါ။
၃။ ဂေါ်ဖီနွမ်းသည်အထိ နောက်ထပ် ၆မိနစ်ခန့် မီးအေးအေးဖြင့် ကြော်ပေးပြီ ထမင်းဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
—————————————————————————————————————