ဝက်နံရိုး နှင့် ဖရဲသီး ဟင်းချို
ဝက်နံရိုး နှင့် ဖရဲသီး ဟင်းချို
ဝက်နံရိုး နှင့် ဖရဲသီး ဟင်းချိုပါ။ ဖရဲသီးမှာ အနီ၊ အဖြူ ရှိတဲ့အထဲမှာ အဖြူပိုင်းက ချက်စားလို့ရမှန်း သတိထားမိချင်မှ သတိထားမိကြမှာပါ။ ခု ၀တ်ရည်တို့ချက်မှာက ဖရဲသီး အနီပိုင်းကို ဖယ်ပြီ ကျန်တဲ့ အဖြူပိုင်းကို ဟင်းချိုချက်တဲ့ထဲ ထည့်ချက်မှာ ဖြစ်ပါတယ်။ ဒီဟင်းရည်က သောက်လို့ကောင်းရုံမကပဲ ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ အရသာက ဖရဲသီး၊ ၀က်နံရိုး၊ ဆီသီးခြောက်ကြောင့် ချိုစိမ့်တဲ့အပြင် ပူနွေးတဲ့ ရာသီဥတုမှာတောင် ရေငတ်ပြေစေ၍ ရင်ကိုအေးစေပါတယ်။ ဒါကြောင့် ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ၀က်နံရိုး – ၃၂၀ ဂရမ် (အရိုးနု၊ ၂လက်မရွယ်များ ပိုင်းဖြတ်ထားပါ)
- ဖရဲသီး – တစိတ်
- ကြက်သွန်ဖြူ – ၃မွှာ (ဓားပြားရိုက်ပြီ အရှည်လှီးပါ)
- ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
- ဆီသီးနီခြောက် – ၄ခု
- ရေ – ၈ခွက် (၁၆၀၀ မီလီလီတာ)
- ဆား – စားပွဲတင်ဇွန်း တ၀က်
- ဆွမ်းအုပ် ဟင်းခတ်မှုန့် – စားပွဲတင်ဇွန်း တ၀က်
- သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဖရဲသီးရဲ့ အနီပိုင်းကို ဖယ်၊ အခွံနွှာပြီ ၁လက်မအရွယ် အတုံးများ တုံးထားပါ။
၂။ ပြီလျှင် ဒယ်အိုးထဲ ရေ(၁၆၀၀မီလီလီတာ) ထည့်ပြီ ဆူအောင် တည်ထားပါ။
၃။ ဆူလာလျှင် ၀က်နံရိုးကို ထည့်ပြီ မီးအနည်းဆုံးလျှော့လိုက်ပါ၊
၎။ ပြီနောက် အဖုံးအုပ်ကာ ၄၅မိနစ်ခန့် ၀က်နံရိုး နူအိသည် တည်ထားပေးပါ။ နာရီဝက် ကြာလျှင် ဆီသီးခြောက် များကို ထည့်ပါ။
၅။ ၀က်နံရိုး နူအိပြီဆိုလျှင် ဖရဲသီးတို့ကို ထည့်ပြီ အဖုံးအုပ် နောက်ထပ် ၁၅မိနစ် မီးနည်းနည်းဖြင့် တည်ပေးပါ။
၆။ ပြီမှ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြားတို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။
ရ။ အရသာအနေတော်လျှင် မီးပိတ်၊ ငရုတ်ကောင်းမှုန့်ဖြူးပြီ အရသာရှိသော ၀က်နံရိုး နှင့် ဖရဲသီး ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ…