ငါးချဉ်​စပ်​ ချက်​ကြရ​အောင်​.

Image may contain: food

Image may contain: food

ငါးကြင်းကိုအတုံးငယ်လေးဖြစ်အောင်ဖြတ်ထားပါမယ်


Image may contain: food


ပြီးရင်ဆား၊အရသာမှုန့်၊ဂျင်းမှုန့်ထည့်နယ်ထားလိုက်ပါ


Image may contain: food

ကြက်သွန်ဖြူများများ၊ဂျင်းတစ်ဆစ်၊ငရုတ်သီးစိမ်းများများကိုကြိတ်ထားလိုက်ပါ
ခရမ်းချဉ်သီးကြီးကြီး၂လုံးကိုပါးပါးဖြတ်ထားပါ
beeftomatooကိုသုံးထားပါတယ်သူ့အရသာကရှမ်းခရမ်းချဉ်သီးထက်ပိုချဉ်ပြီးဗမာခရမ်းချဉ်လောက်မချဉ်ပြန်ပါဘူး
မရိှရင်ရှမ်းခရမ်းချဉ်သီးနဲ့ဗမာခရမ်းချဉ်သီး၂မျိုးရောသုံးပေးပါ



Image may contain: plant, food and outdoor


ပင်စိမ်းရွက်၊ရှမ်းနံနံရွက်

Image may contain: plant and food

ဖြတ်ထားလိုက်မယ်


Image may contain: food

ငါးကိုအကြောတင်းရုံလေးကြော်ပေးလိုက်ပါ


Image may contain: food


Image may contain: food

အိုးထဲဆီအနည်းငယ်ချန်ပြီးကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးကိုအရင်ကြော်ပေးလိုက်ပါ
၃မိနစ်လောက်မွေကြော်ပြီးရင်ခရမ်းချဉ်သီိးထည့်ပေးလိုက်ပ
ဆားလဲအနည်းငယ်ထည့်ပေးလိုက်ပါဒါဆိုခရမ်းချဉ်သီးကအနွန်းမြန်ပါတယ်


Image may contain: food

ခရမ်းချဉ်သီးလုံးဝနွန်းသွားပြီဆိုရင်ရေရောထည့်ပေးလိုက်ပါ


Image may contain: food

ပြီးရင်ငါးထည့်ပေးလိုက်ပါရေကငါးဖုံးရုံပါပဲ
ဆား၊ပဲငံပြာရည်အကြည်၊အရသာမှုန့်
ထည့်ပြီးရေတစ်ဝက်ခန်းတဲ့အထိချက်ပေးလိုက်ပါ


Image may contain: food


ရေတစ်ဝက်လောက်ပဲကျန်တော့ရင်ပင်စိမ်း၊ရှမ်းနံနံထည့်ပေးလိုက်ပါ


Image may contain: food


အားလုံးထည့်ပြီးရင်အပေါ့အငန်မြည်းကြည့်လိုက်ပါ
ပြီးရင်ခဏမွေပေးလိုက်ပြီးမီးပိတ်လို့ရပါပြီ



Image may contain: food

ထမင်းမြိန်တဲ့ချဉ်စပ်အရသာငါးချက်လေးပေါ့