မီဆို ဟင်းချို

မီဆို ဟင်းချို

ဂျပန်စတိုင် မီဆို ဟင်းချိုပါ။ ဂျပန်ဟင်းချို ချက်နည်းတွေထဲမှာ အလွယ်ဆုံး ချက်နည်း တမျိုးပါ။ ဟင်းချိုအတွက် လိုအပ်တာက မီဆိုအနှစ်၊ ရေညှိ၊ ပဲပြား၊ ကြက်သွန်မြိတ်တို့ ပါပဲ။ အဓိကဟင်းလျာတွေနဲ့ တွဲဖက် သုံးဆောင်ဖို့  သင့်လျော်ပါတယ်။ မီဆိုဟင်းချို ကောင်းကောင်း သောက်ချင်သူအကြိုက်ဖြစ်မှာပါ။ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • မီဆို အနှစ် (miso paste) – စားပွဲတင်ဇွန်း ၆ဇွန်း
မှတ်ချက် ။ ။ မီဆို အနှစ်ထုပ်ကို Market Place (citymart) မှာရနိုင်ပါတယ်။ မီဆို အနှစ်က အမျိုးအစား အများကြီးရှိတဲ့အထဲက ၀တ်ရည်သုံးထားတာက light miso pasteပါ။
  • ရေ – ၂လီတာခွဲ
  • တို့ဟူး – ၂၀၀ ဂရမ် (အတုံးသေးများ တုံးထားပါ)
မှတ်ချက် ။ ။ တို့ဟူးများကို အတုံးမတုံးခင် ရေစွပ်အစွပ်ဖြင့် ရေစစ်ထားပေးပါ။
  • ရေညှိခြောက်ထုပ် (dried wakame seaweed) – ၂ထုပ် (ရေညှိခြောက်အပြင် အစုံပါတာ ၀ယ်လျှင် ပိုကောင်းသည်)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးထားပါ)
မီဆိုဟင်းချို ချက်နည်း
၁။ ဒယ်အိုး ကြီးတစ်ခုထဲ ရေ(၂လီတာခွဲ)ကို ထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။
၂။ ပွက်ပွက်ဆူလာလျှင် မီးလျှော့ပြီ တို့ဟူးထည့်၊ မီဆိုအနှစ်ကို ထည့်ပြီ ရောမွှေ၍ ၂မိန်ခန့် တည်ပါ။
၃။ ထို့နောက် ရေညှိရွက်ခြောက်တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် တည်ပေးပြီ ကြက်သွန်မြိတ်လေးများ ဖြူးပေးပါ။
၎။ မီဆိုဟင်းချိုကို အရသာရှိစွာ ပူပူလေး ချက်ချင်း သုံးဆောင်နိုင်ပါပြီ…
————————————————————————