ဝက်အူချောင်း နှင့် ပဲကြာဇံ အစပ်သုပ်
ဝက်အူချောင်း နှင့် ပဲကြာဇံ အစပ်သုပ်
ထိုင်းစတိုင် ၀က်အူချောင်း နှင့် ပဲကြာဇံကို အစပ်သုပ်ထားတာပါ။ ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ဖို့ လိုက်ဖက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ၀က်အူချောင်း(အစို) – ၃ချောင်း
- ပဲကြာဇံထုပ်(အသေး) – ၁ထုပ်
- ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
- တရုတ်နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
- သံပရာသီး – ၁လုံး (အရည်ညှစ်ပါ)
- ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲ (သကြား၊ ငါးငံပြာရည်) များကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးထားပါ။
၂။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီ ၀က်အူချောင်းများကို ၂မိနစ်ခန့် ကြော်ပေးပါ။
၃။ ပြီလျှင် ၀က်အူချောင်းများကို အပါးအစောင်းလှီးပေးပါ။
၎။ ပဲကြာဇံကို ရေစိမ်ထားပေးပါ။ ပြီလျှင် ပဲကြာဇံကို တ၀က်ဖျက်ပေးပါ။
၅။ ပြီနောက် ဒယ်ထဲ ရေတ၀က်ခန့်ထည့်ပြီ ဆူအောင်တည်ပါ။ ဆူလာလျှင် ပဲကြာဇံများကို ၂မိနစ်ခန့် ထည့်ပြုတ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
သုပ်နည်း
၁။ သုပ်ဖို့ အဆင့်သင့်ဖြစ်ပြီဆိုလျှင် ဇောက်ပန်းကန်တစ်ခုထဲ (ပဲကြာဇံ၊ ၀က်အူချောင်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငါးငံပြာရည်၊ သကြား၊ ငရုတ်သီးမှုန့်၊ နံနံပင်) တို့ကို ထည့်ပြီ သမအောင် ရောနုယ်လိုက်ပါ။
၂။ အရသာရှိသော ၀က်အူချောင်း နှင့် ပဲကြာဇံ အစပ်သုပ်ကို သုံးဆောင်နိုင်ပါပြီ…