ကောက်ညှင်း နှမ်းလုံးကြော်
ကောက်ညှင်း နှမ်းလုံးကြော်
အစာပြေ စားဖို့ တရုတ်စတိုင် ကောက်ညှင်း နှမ်းလုံးကြော်လေးတွေပါ။ အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ဒိုးလုံးတွင် ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် – ၂၅၀ ဂရမ်
- ဆန်မှုန့် – ၁၀၀ ဂရမ်
- သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
- ရေနွေး – ၃၅၀ မီလီလီတာ
- နှမ်း – ၁၀၀ ဂရမ်
ပဲလုံးတွင် ပါဝင်ပစ္စည်းများ
- Red Kidney Bean – စည်သွပ်ဗူး ၁ဗူး
- သကြား – ၂၀၀ ဂရမ်
- ဆား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ပဲလုံး ပြုလုပ်နည်း
၁။ အရင်ဆုံး Red Kidney bean ပဲ (၂၃၀ ဂရမ်) ကို စည်သွပ်ဗူးထဲမှ ထုတ်ပြီ ရေစင်အောင် ဆေးပါ။
၂။ ပြီလျှင် blender ကြိတ်စက်ဖြင့် ပဲများကို ရေအနည်းငယ်ထည့်ပြီ ကြေညက်သည်အထိ ကြိတ်ပေးပါ။
၃။ ပြီလျှင် ဒယ်ထဲ ပဲအနှစ်ရည်၊ သကြား တို့ကို ထည့်ပြီ ရေမကျန်သည်အထိ မီးအသင့်တင့်ဖြင့် တည်ထားပါ။
၎။ ပဲများ ပျစ်လာလျှင် မီးပိတ်ပြီ ခေတ္တအအေးခံထားပါ။
၅။ ပြီနောက် ပုံတွင် ပါသည့်အတိုင်း လက်မအရွယ် ပဲလုံးလေးများ လုံးပေးထားပါ။
ကောက်ညှင်း နှမ်းလုံးကြော် လုပ်နည်း
၁။ ဇလုံတစ်ခုထဲ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်တို့ကို သမအောင် ရောမွှေလိုက်ပါ။
၂။ ပြီလျှင် ရေနွေးဖြင့် သကြား၊ ဆားကို ပျော်အောင် ဖျော်ပြီ ကောက်ညှင်းမှုန့်ခွက်ထဲ လောင်းထည့်ပြီ သမအောင် ရောမွှေပါ။
၃။ ကောက်ညှင်းဒိုးသားကို ခပ်နာနာလေး နုယ်ပေးပြီ မပျော့မမာ အနေထားရောက်လျှင် ဒိုးသားများကို ၁လက်မအရွယ် အလုံးလေးများ လုံးပေးပါ။
၎။ ပြီမှ လက်ဖြင့် အ၀ိုင်းပြား ပြုလုပ်လိုက်ပြီ ပဲလုံးများကို ပုံတွင် ပါသည့်အတိုင်း အစာသွပ်ကာ အလုံးပြန်လုံးပေးပါ။
၅။ ထိုနည်းအတိုင်း ကျန်ကောက်ညှင်းလုံးများကို ပဲအစာသွပ်ပြီ လုံးပေးပါ။ ပြီလျှင် နှမ်းမကပ်ခင် ဒိုးလုံးများကို ရေစိမ်ပြီမှ နှမ်းခွက်ထဲ ထည့်ကာ နှမ်းကပ်ပါ။
၆။ ဒယ်ထဲ ဆီများများထည့်ကာ ပူအောင် တည်ထားပါ။ ဆီပူလာလျှင် နှမ်းလုံးများကို အညှိရောင်သန်းသည်အထိ ၂မိနစ်ခန့် ကြော်ပေးပါ။
ရ။ ပြီလျှင် ဇကာဖြင့် ပြန်ဆယ်ပြီ အရသာရှိသော ကောက်ညှင်း နှမ်းလုံးကြော်များကို သုံးဆောင်လို့ရပါပြီ…
———————————————————————————————