မြန်မာစတိုင် ဆတ်သားဟင်း

မြန်မာစတိုင် ဆတ်သားဟင်း

တကယ်ကို ထမင်းမြိန်စေမယ့် မြန်မာစတိုင် ဆတ်သားဟင်းပါ။ ဆတ်သားခြောက်ကို သုံးပြီ ချက်ထားပေမယ့် စိမ့်ပြီ အရသာတွေ့စေမှာ သေချာပါတယ်။ ဒီဟင်းက ၀တ်ရည် အကြိုက်ဆုံး ဟင်းလက်ရာတွေထဲက တစ်ခုပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
  • ဆတ်သားခြောက် – ၁ထုပ် (၁၅၀ ဂရမ်)
  • ခရမ်းချဉ်သီး – ၃လုံး (အရှည်လိုက်လှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၂ခု (ထပ်ခြမ်းခြမ်းပါ)
  • ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ရေ – ၂ခွက်
Vanison_Curry1
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဆတ်သားခြောက်များကို ရေဖြင့် ၄နာရီခန့် စိပ်ထားပေးပါ။
Vanison_Curry
၂။ ပြီလျှင် ဆတ်သားခြောက်ကို ၁လက်မအရွယ် ပိုင်းဖြတ်ပြီ ငရုတ်ဂျပွေ့ဖြင့် အနည်းငယ် ထောင်းပေးပါ။
Vanison_Curry0
၃။ ပြီလျှင် ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း များကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။
Vanison_Curry2
၎။ ပြီနောက် ငရုတ်သီးနှစ်၊ ဇီယာမှုန့်၊ နံနံစေ့မှုန့်တို့ကို ထည့်ပြီေ၇ာမွှေလိုက်ပါ။
၅။ ထို့နောက် ခရမ်းချဉ်သီးထည့် ဆီသပ်ပေးပါ။
Vanison_Curry3
၆။ ရေ(၁ခွက်)ကို ထည့်ကာ အဖုံးအုပ်ပြီ ခရမ်းချဉ်သီး နွှမ်းသည်အထိ မီးအတင့်သင့်ဖြင့် တည်ထားပေးပါ။
ရ။ ပြီလျှင် ဆတ်သား၊ ဆား၊ သကြား၊ ငါးငံပြာရည်၊ ရေ(၂ခွက်) ထည့်ကာ အဖုံးအုပ်ကာ ဆတ်သားနူအိသည်အထိ ရေ ၄ရေခန့် ထပ်ထည့်ပြီ အဖုံးအုပ်ကာ မီးအတင့်သင့်ဖြင့် တည်ထားပါ။
(သို့)
ရ။ Pressure cooker နှင့် ချက်လျှင် ရေ(၁ခွက်)ထည့်ပြီ မိနစ် ၂၀ခန့် ချက်လျှင် ရသည်။
Vanison_Curry4
Vanison_Curry5
၈။ ဆတ်သား နူအိပြီ ဆီပြန်လာပြီဆိုလျှင် အရသာအပေါ့အငံ့ မြည်းပြီ အနေတော်လျှင် နံနံပင်များ အုပ်ပြီ အရသာရှိသော ဆတ်သားဟင်းကို သုံးဆောင်နိုင်ပါပြီ…
Vanison_Curry7
—————————————————————-