ဂုံးကင်
ဂုံးကင်
ဒီဂုံးကင် ချက်နည်းက အလွယ်တကူ ချက်နိုင်သလို ထောပတ် ရနံ့လေး သင်းပြီ အရသာပါ ထူးခြားပါတယ်။ အစာပြေ၊ ဟင်းရံအဖြစ် ဂုံးကင်ကို အစားများကြပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ဂုံး – ၂၀ခု (၁ထုပ်) (City Mart တွင် သန့်စင်ပြီသား ဂုံးများကို အလွယ်တကူ ၀ယ်ယူနိုင်သည်)
- ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
- ဆား – (ဂုံးကင်လျှင် အောက်ခံ ခင်းရန်)
- ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ဆော့ရည်အတွက် ပါဝင်ပစ္စည်းများ
- ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – စားပွဲတင်ဇွန်း တ၀က်
- ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ဆန်ဝိုင်(ဆာကေး) – စားပွဲတင်ဇွန်း ၂ဇွန်း
- Mirin – စားပွဲတင်ဇွန်း ၁ဇွန်း
ဆော့ပြုလုပ်နည်း
၁။ ခွက်တစ်ခုထဲ (ပဲငံပြာရည်၊ ဆာကေး၊ mirin၊ သကြား၊ ခနော ကြက်သားမှုန့်) တို့ကို ရောမွှေထားပါ။
ဂုံးကင်နည်း
၁။ အရင်ဆုံး ခဲနေသော ဂုံးများကို ရေခဲသေတ္တာမှ ထုတ်ပြီ ဇလုံထဲထည့်ကာ ၁နာရီခန့် မကင်ခင် ရေစိမ်ထားပါ။
၂။ ပြီမှ ကင်မယ့် ဒယ်ပြားထဲ ဆားများ ခင်းပေးပါ။
၃။ ဒယ်ပြား ပူလာလျှင် ဂုံးများကို တင်ပြီ ၁၀မိနစ်ခန့် ကင်ပေးပါ။
၎။ ထို့နောက် ကင်ထားသော ဂုံးများကို ၁မိနစ်ခန့် ခေတ္တအအေးခံပြီ အခွံခွှာပေးပါ။
၅။ ပြီမှ ထောပတ်(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)၊ ဆော့ရည်(လက်ဖက်ရည်ဇွန်း တ၀က်) စီကို ဂုံးတွေထဲသို့ ထည့်ပေးပါ။
၆။ ထောပတ် နှင့် ဆော့ရည်များ ပွက်လာလျှင် ကြက်သွန်မြိတ်ကလေးများ ဖြူးပေးပြီ မီးပိတ်လိုက်ပါ။
ရ။ အနံ့ရော၊ အရသာပါ ကောင်းမွန်သည့် ဂုံးကင်လေးများကို သုံးဆောင်နိုင်ပါပြီ…
————————————————————————————————-