အထူးစပယ်ရှယ် လက်ဖက်သုပ်
Wutyee Food House
Wutyee Food House အထူးစပယ်ရှယ် လက်ဖက်သုပ်
အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက် ဆိုသည့် ဆိုရိုးစကားအတိုင်း အရွက်မှာတော့ လက်ဖက်က အကောင်းဆုံးပါ။ ရှေးအခါကတည်းက ဧည့်သည်ကို လက်ဖက်သုပ်၊ ရေနွေးကြမ်းနဲ့ တခမ်းတနား ဧည့်ခံကျွေးမွေးတာ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ။ အထူးစပယ်ရှယ် လက်ဖက်သုပ်မှာတော့ ပိုမိုထူးခြား ကောင်းမွန်သွားအောင် လက်ဖက်၊ အကြော်စုံအပြင် ပြောင်းဖူး၊ မြေပဲ၊ ဆတ်သားခြောက်၊ ပုဇွန်ခြောက်၊ သီဟိုဌ်စေ့၊ ဖရုံစေ့တို့နဲ့ ချို၊ချဉ်၊ သုပ်ထားတာပါ။ ခုပဲ Wutyee Food House အထူးစပယ်ရှယ် လက်ဖက်သုပ်ကို ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်ကြရအောင်…
ပါဝင်ပစ္စည်းများ
- အရီးတောင်း ဇီယန်း လက်ဖက် – ၁၀၀ဂရမ်
- အကြော်စုံ – ၂၅၀ ဂရမ်
- မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း
- ပြောင်းဖူး – ဖူးဝက် (ပြုတ်ထားပြီ အစေ့ချွေပေးပါ)
- သီဟိုဌ်စေ့ – စားပွဲတင်ဇွန်း ၄ဇွန်း (ဆီဖြင့် အနည်းငယ် ကြော်ပေးပါ)
- ဖရုံစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း
- ငါးတူနီငါးကြော် – ၁၀ကောင်
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
- ဂေါ်ဖီ – ၁စိပ်
- ဆတ်သားခြောက် – ၅ခု (ညက်အောင် ထောင်းထားပါ)
- ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင် ထောင်းထားပါ)
- ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (တွဲဖက်သုံးဆောင်ရန်)
- သံပရာသီး – ၁လုံး (အရည်ညှစ်ရန်)
- မြေပဲဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၁။ အရင်ဆုံး ခြစ်တံဖြင့် ဂေါ်ဖီများကို ခြစ်ပေးပါ။
၂။ ပြီလျှင် ဇောက်ပန်းကန်လုံးထဲ ပါဝင်ပစ္စည်းများဖြစ်သော (ဂေါ်ဖီ၊ လက်ဖက်၊ အကြော်စုံ၊ မြေပဲ၊ ပြောင်းဖူး၊ ငါးတူနီ၊ ဆတ်သားခြောက်၊ ပုဇွန်ခြောက်၊ ခရမ်းချဉ်သီး၊ သီဟိုဌ်စေ့၊ ဖရုံစေ့၊ ငရုတ်သီးစိမ်း) တို့ကို ထည့်လိုက်ပါ။
၃။ ပြီလျှင် ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ သံပရာရည် တို့ကို ထည့်ပြီ သမအောင် ရောနုယ်လိုက်ပါ။
၎။ အရသာရှိသော အထူးစပယ်ရှယ် လက်ဖက်သုပ်ကို ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ..