ဂျပန်စတိုင် ကြက်သား မာဆလာဟင်း

 

ဂျပန်စတိုင် ကြက်သား မာဆလာဟင်း
ဂျပန်မှာ လူကြိုက် အများဆုံး ကြက်သား မာဆလာဟင်း (ခေါ်) Japanese curry။ ဟင်းအနှစ်နဲ့ ကြက်သားအပြင် အမဲသား၊ ၀က်သား၊ ပုဇွန် နှင့် ဟင်းရွက်စုံတို့ဖြင့် လည်း ဒီမာဆလာဟင်းကို ချက်လို့ရပါသေးတယ်။ ကြက်သား မာဆလာဟင်းကို ထမင်းနှင့် တွဲဖက် သုံးဆောင်ရတာပါ။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား – ၄၀၀ ဂရမ် (၂၅ ကျပ်သား)
  • မုန်လာဥနီ – ၂ဥ (အတုံးလတ်လေးများ တုံးပေးပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပန်းသီးရည် – ခွက် တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ရေ – ၂၀၀ မီလီလီတာ
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ခရမ်းချဉ်သီး အနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
ဟင်းအနှစ် ချက်ရန် ပါဝင်ပစ္စည်းများ
  • ဆား – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း
  • မာဆလာ – စားပွဲတင်ဇွန်း ၁ဇွန်း
  • Curry powder(or)ဟင်းချက် အမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
မှတ်ချက် ။ ။ Curry powder အတွက် ဇီယာ၊ ဖာလာ၊ နံနံစေ့မှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်းစီ)+ ဆနွင်း(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)+ ဂျင်း(လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ)+ ငရုတ်သီးအရောင်တင်မှုန့်(လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ) အားလုံးကို ရောမွှေပေးပါ။
ဟင်းနှစ် ချက်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ထောပတ်များထည့်ပြီ ထောပတ် အရည်ပျော်သွားအောင် မီးနည်းနည်းဖြင့် တည်ထားပေးပါ။
၂။ ပြီလျှင် ဂျုံများကို ထောပတ်နှင့် ဂျုံမှုန့်များကို သစ်သားယောင်းမဖြင့် rouxရအောင် အဆက်မပြတ် မွှေပေးပါ။
၃။ roux အညှိရောင်သန်းလာလျှင် မာဆလာ၊ ဟင်းချက်အမှုန့် တို့ကို ထည့်ပြီ မိနစ်ဝက်ခန့် ရောမွှေပြီ မီးပိတ်လိုက်ပါ။
ကြက်သား မာဆလာဟင်း ချက်နည်း
၁။ ဟင်းအနှစ်ရပြီဆိုလျှင် ကြက်သား မာဆလာဟင်း စချက်ပါတော့မည်။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို နွမ်းသည်အထိ တည်ထားပါ။
၃။ ပြီနောက် ကြက်သားများကို ထည့်ပြီ ကြက်သား အရောင်ပြောင်းသည်အထိ ရောမွှေပေးပါ။
၎။ ပြီလျှင် မုန်လာဥနီ ထည့်၊ ကြက်ပြုတ်ရည်(သို့)ရေ(၂၀၀မီလီလီတာ) ထည့်ပြီ ဆူအောင် တည်ထားပေးပါ။
၅။ ဆူလာလျှင် အပေါ်မှာ မျက်နှာပြင် ဝေ့နေတဲ့ အမြုပ်များကို ဇွန်းဖြင့် ဖယ်ပေးပါ။
၆။ ထို့နောက် ဆား၊ ပဲငံပြာရည်၊ ပျားရည်၊ ပန်းသီးရည်၊ ခရမ်းချဉ်သီးနှစ် ထည်ပြီ ရောမွှေပါ။
ရ။ ပြီနောက် ဟင်းအနှစ်ကို ပြုတ်ရည်နည်းနည်းဖြင့် ရောမွှေပြီ ဒယ်ထဲ ထည့်ကာ ရောမွှေလိုက်ပါ။
၈။ ကြက်သား ဟင်းအနှစ် အနည်းပျစ်အောင် တည်ထားပြီ မီးပိတ်လိုက်ပါ။
၉။ ပန်းကန်ထဲ ထမင်းထည့်၊ အပေါ်မှ ကြက်သား မာဆလာဟင်း နှင့် အရသာရှိစွာ တွဲဖက် သုံးဆောင်လို့ရပါပြီ…