ကြက်သားကြော် နှင့် ဗီနီကာ၊ ပဲငံပြာရည်ဆော့
ကြက်သားကြော် နှင့် ဗီနီကာ၊ ပဲငံပြာရည်ဆော့
ကြက်သား နန်ဘမ်လို့ ခေါ်တဲ့ ကြက်သားကြော် လေးတွေကို ဗီနီကာ၊ ပဲငံပြာရည်ဆော့နှင့် တွဲဖက် စားသုံးရတာပါ။ ကြက်သား နန်ဘမ်မှာ ခရမ်းသီးကြော် က အဓိကပါဝင်ပါတယ်။ ခရမ်းသီးကြော်၊ ငရုတ်ပွကြော်၊ ကြက်သားကြော် အပြင် ဆော့နဲ့ ပေါင်းစပ်လိုက်တော့ ကြွပ်ရွပြီ အရမ်းစားကောင်းပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ပြီ အချိန်တိုတွင်းမှာပဲ လုပ်စားလို့ရပါတယ်။ လုပ်နည်းလေး ကြည့်ရအောင်…
ကြော်ရန် ပါဝင်ပစ္စည်းများ
- ကြက်ရင်ဗုံသား – ၃၀၀ ဂရမ် (၁လက်မအရွယ် အပါးလှီးပါ)
- ခရမ်းသီး – ၁ခု (၁လက်မအရွယ် ခပ်ထူထူ လှီးပေးပါ)
- ငရုတ်ပွစိမ်း – ၂ခု (၈စိပ်စိပ်ပါ)
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
- ကော်မှုန့် – ၁၅၀ ဂရမ်
- ဆီ – (ကြော်ရန်)
ဆော့တွင် ပါဝင်ပစ္စည်းများ
- ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
- ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ဆော့ပြုလုပ်နည်း
၁။ ခွက်တစ်ခုထဲတွင် ဗီနီကာ၊ ပဲငံပြာရည်၊ သကြားတို့ကို သကြား အရည်ပျော်သည်အထိ သမအောင် ရောမွှေထားပါ။
ချက်ပြုတ်နည်း
၁။ ကြက်သားတုံးများကို (ဆား၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ကော်မှုန့်ဖြင့် ကပ်ပေးပါ။
၂။ ပြီနောက် ခရမ်းသီးလှီးပြီ ရေထဲ မိနစ်အနည်းငယ် စိမ်ထားပေးပါ။ (အရောင်မပြောင်းရန် ကာကွယ်ခြင်းဖြစ်သည်)
၃။ ပြီမှ ခရမ်းသီးကို ရေစုပ်စက္ကူဖြင့် ရေစင်အောင် သုတ်ပြီမှ ကော်မှုန့်များ ကပ်ပေးပါ။
၎။ ငရုတ်ပွစိမ်းကိုလည်း ကော်မှုန့်များများ ကပ်ပေးပါ။
၅။ ပြီမှ ဒယ်ထဲ ဆီများများထည့်ပြီ ကော်မှုန့် ကပ်ထားသော ကြက်သား၊ ခရမ်းသီး၊ ငရုတ်ပွစိမ်းတို့ကို တသုတ်စီ အညှိရောင်သန်းသည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
၆။ ပြီမှ ကြက်သားကြော်၊ ငရုတ်ပွစိမ်း၊ ခရမ်းသီး တို့ကို ဆော့ရည်ဖြင့် အနည်းငယ် ရောမွှေပြီ သံတံစို့(သို့) ၀ါးတံစို့ဖြင့် အစဉ်အတိုင်း သီပေးပါ။
ရ။ အရသာရှိသော ကြက်သား နန်ဘမ်ကြော်ကို ထမင်းနဲ့ပဲဖြစ်ဖြစ် ကြိုက်နှစ်သလို သုံးဆောင်နိုင်ပါပြီ…