ရခိုင်မ လက်ရာ ရခိုင်ဟင်းလျာ

"ရခိုင်မ လက်ရာ ရခိုင်ဟင်းလျာ"
သခွားသီး ချဉ် ငံ စပ် ရှူးရှဲ (ရခိုင်) သုပ်နည်း
🥒🌶🍋🥒🌶🍋🥒🌶🍋🥒🌶🍋
👉🏼သခွားသီးကိုအလုံးလိုက် ရေဆေး
ထက်ခြမ်းခြမ်း၊အစေ့ထုတ်၊ ကုတ်နဲ့ခြစ်ပါ
👉🏼 ငြုတ်သီးစိမ်း နှစ်သက်သလောက်၊ ငြုပ်သီးအခြောက် ၂ တောင့်လောက် ကို အိုးကင်းပူတိုက်ပြီး ငြုပ်တောင့်ကွဲရုံထောင်းပါ (အရောင်လှဖို့နဲ့ အနံ့မွှေးဖို့)
👉🏼ပုဇွန်ခြောက်ကို ရေနွေးစိမ်ပြီးပွလာတဲ့အခါ အကောက်ပျက်ရုံခတ်မွမွေထောင်းပါ
👉🏼 ကြက်သွန်န်ီကို ပါးပါးလှီး/ ဒါမှမဟုတ် ခတ်ကြမ်းကြမ်းထောင်းထည့်ပါ
( နှစ်သက်က ကြက်သွန်ဖြူ အနံ့ပါတယ်ဆိုရုံ ထောင်း/လှီးထည့်နိုင်)
👉🏼ငပိလက်တတစ်ကိုအစိမ်းနံ့ပျောက်အောင်မီးကင်ထည့်ပါ
👉🏼သံပရာသီးကိုမိမိ လိုချင်တဲ့ အချဉ်အရသာအတိုင်းညှစ်ပြီး အဆာအားလုံးရောသုပ်ပါ
👉🏼အပေါ့အငံမြည်းပြီးရင်တော့ ကြက်သွန်နီအကြော်ကလေး အပေါ်ကအုပ်လိုက်ရင် အနံ့အရသာနဲ့ပြည့်စုံတဲ့ ချဉ်ငံစပ် ရှူးရှဲ ရခိုင်သခွားသီးသုပ် သုံးဆောင်နိုင်ပါပြီ
********************************************
ရခိုင်ရိုးရာ "ကိုတံငါ" ဟင်းချက်နည်း
🍋🦀🦐🦑🌱🍅🍒🌶🍋🦑🦐🦀
"ကိုတံငါဟင်း" ဟာ ရခိုင်လူမျိုးတွေရဲ့ရိုးရာဟင်းတခွက်ပါ
ပင်လယ်ပြင်ကြီးကိုအမှီပြုပြီးရှာဖွေစားသောက်ရတဲ့ ရခိုင်တံငါသည်လုပ်သားကြီးတွေနဲ့ သူတို့အိမ်ရှင်မတွေရဲ့ အထိမ်းအမှတ်ဟင်းတခွက်ဆိုလည်းမမှားပါ
ရိုးရာဟင်းတခွက်ချက်တိုင်းမှာ မြို့ချက်၊တောချက်ဆိုပြီး မိမိနှစ်သက်သလိုချက်နိုင်ပေမဲ့ မူရင်းမပျောက်စေဖို့အင်မတန်အရေးကြီးပါတယ်
ဥပမာ "ကြက်+ဗူး ကာလသားဟင်းချက်ဆိုရင်
ကာလသားတွေဟာ ပတ်ဝန်းကျင်ကလူတွေ သူတို့ကြက်ခိုးပြီးချက်တယ်ဆိုတာမသိရလေအောင် ဆီသပ်ပြီး သေချာမချက်ပဲ ဟင်းခတ်တွေထုထောင်း၊ လူအများနဲ့လောက်ငှအောင် ဗူးသီးတလုံးထည့် အရည်ကျဲကလေးနဲ့ ဆီပါတယ်ဆိုရုံ အားလုံးရောထည့် ပြီးဘေးပတ်ဝန်းကျင်အနံ့ မထွက်အောင်အဖုံးအုပ် ချက်သလိုပါပဲ 🤗
သေချာဆီသပ် စားကောင်းအောင်အခြားအမယ်တွေရောမယ်ဆိုရင်တာ့ ကာလသားချက်စစ်စစ်နဲ့အနည်းငယ်သွေဖယ်သွားမယ်ထင်ပါတယ်။
အခုလည်း ကျမတို့ ရခိုင်ရိုးရာ"ကိုတံငါ"ဟင်းလည်းဒီလိုပါပဲ
ညနေစောင်း ရေလုပ်သားကြီး ကိုတံငါ ပင်လယ်ကပြန်လာမှသာ ဟင်းစားရတာမို့ ကိုတံငါ ရောက်တာနဲ့ ပါလာတဲ့ ပင်လယ်စာဟင်းစားလေးတွေနဲ့ အိမ်နောက်မှာစိုက်ထားတဲ့ အသီးအနှံလေးနဲ့ တောထဲကချိုးလာတဲ့မျှစ်နုနုကလေးနဲ့ရောပြီး အိမ်ရှင်မမှာ တမိသားစုလုံးစားဖို့ သောက်ဆမ်း အရည်ကျဲလေး ကို ကမန်းကတန်းညနေစာအမှီချက်တဲ့ရိုးရာဟင်းပါ
မန်ကျည်းသီးအစိမ်းပေါ်ချိန်ဆိုရင်တော့ မန်ကျည်းသီးစိမ်းနဲ့ချက်ပြီး မရှိရင်တော့ သံပရာသီးနဲ့လည်းချက်နိုင်ပါတယ်
အခုကျမ သံပရာသီးနဲ့ချက်ထားပါတယ်
ပါဝင်ပစ္စည်း
**********
ခေါင်းခြွေထားတဲ့ ပုဇွန် ၇ ကောင်
သန့်စင်ပြီး အကွင်းလိုက်လှီးထားတဲ့ ပြည်ကြီးငါး ၂ ကောင်
Flower Crab ရေငံဂဏန်း ၂ ကောင်
ခပ်ကြမ်းကြမ်းလှီးထားတဲ့ ကြက်သွန်နီ ၁လုံး
ဒါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ၂ မွှာ
သကြား (ကျမကတော့ ဟင်းခတ်မှုန့်/အချိန်မှုန့်မသုံးပါ)
ငပိ လက် ၂ တစ်
ငြုပ်သီးစိမ်း ၇-၁၀ တောင့်
ငြုပ်ပွခြောက် ၃-၄ တောင့်ကိုမညက်တညက်ထောင်း
သံပရာသီး ၂ လုံး (သို့) မန်ကျည်းသီအစိမ်း ၄တောင့်
၎ စိပ်စိပ်ထားတဲ့ ခရမ်းချဉ်သီး ၂ လုံး
၎ စိပ်စိပ်ထားတဲ့ ဆင်ခရမ်းချဉ်သီး ၂လုံး
ပြောင်းဖူး ၁ ဖူး
ပင်စိမ်း ၄-၅ ပင်
ချက်ပြုပ်နည်း
***********
ချက်မည့်အိုးထဲမှာ ပုံမှာပြထားတဲ့အတိုင်း ပြောင်းဖူး+ ခရမ်းချဉ်သီး+မျှစ်+ ဆင်ခရမ်းချဉ်သီး+ငပိ+ငြုပ်သီးစိမ်း+ ငြုပ်သီးအခြောက်+သကြား+ ဆား+ ကြက်သွန်ဖြူ+နီ နဲ့ (ဆီလေး တပေါက် နှစ်ပေါက် စိမ်းနံ့ပျောက်ရုံထည့်နိုင်ပါတယ်) ဟင်းမြုပ်ရုံရေထည့်ပြီး ခွင်ပေါ် အဖုံးအုပ်ပြီးဆူအောင်တည်ပါ
တရေဆူရင် ဂဏန်းထည့်ပါ နောက်ထပ်ရေလိုသလောက်ထပ်ထည့်ပြီးဆူအောင်တည်ပါ
အိုးဆူပြီးရင် ပုဇွန်+ပြည်ကြီးငါးထည့်ပါ
(ကျမကတော့ သန့်စင်ထားတဲ့ ပုဇွန်နဲ့ပြည်ကြီးငါးကို ဟင်းအိုးထဲတိုက်ရိုက်မထည့်ခင် မသားသေ/အရိကုန်အောင် ရေနွေးနဲ့ပူပူ နဲ့လောင်းထားပါတယ်)
ဟင်းစားအားလုံးကျက်ရင် နောက်ဆုံးမှာ သံပရာ (သို့) မန်ကျည်းအစိမ်း အနှစ်ရည်ထည့်ပြီးပင်စိမ်းရွက်ကလေးအုပ်ပါ
ပင်စိမ်းရွက်နွမ်းပြီး ပင်စိမ်းနံ့ လေးသင်းလာရင်တော့ ဟင်းအိုးကျက်ပြီမို့ သုံးဆောင်ဖို့အဆင်သင့်ဖြစ်ပါပြီ
မြအိန္ဒြာနွယ် @ မေကလေး - ရခိုင်သူ

Image may contain: food

Image may contain: food


Image may contain: food


Image may contain: food

Image may contain: 1 person, food


Image may contain: food