ကြက်ဥ မဆလာ ဟင်းလျာ

ကြက်ဥ မဆလာ ဟင်းလျာ

Egg_Curry6
ကြက်ဥ မဆလာ ဟင်းလျာပါ။ ကြက်ဥကို ဒယ်ထဲ အလုံးလိုက် ဖောက်ထည့်ပြီ ခရမ်းချဉ်သီး၊ မဆလာ၊ ဇီယာ၊ နံနံစေ့တို့နဲ့ ရောချက်ထားတာပါ။ မဆလာနံ့ သင်းသင်းလေးနဲ့ တကယ် အရသာ ထူးခြားကောင်းမွန်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်၇အောင်…
ပါဝင်ပစ္စည်းများ
  • ကြက်ဥ – ၄လုံး
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်း – ၂တောင့် (ထပ်ခြမ်းခြမ်းပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မကျည်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
Egg_Curry
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
Egg_Curry1
၂။ ပြီနောက် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ ဇီယာမှုန့်၊ နံနံစေ့မှုန့်၊ မဆလာ(တ၀က်) ထည့်ပြီ မိနစ်ဝက်ခန့်ေ၇ာမွှေပါ။
Egg_Curry2
၃။ ပြီလျှင် ခရမ်းချဉ်သီး၊ ရေ ခွက်(၂ခွက်) ထည့်ပြီ ခရမ်းချဉ်သီးနွမ်း၊ ရေတ၀က်ကျန်သည်အထိ တည်ထားပါ။
၎။ ရေတ၀က်ကျန်လျှင် ဆား၊ ဟင်းခတ်မှုန့် ထည့်ပေးပြီ ကြက်ဥများကို အလုံးလိုက် ဖောက်ထည့်ပေးပါ။
Egg_Curry3
မှတ်ချက် ။ ။ ကြက်ဥ ဖောက်တဲ့အခါ ဖြည်းဖြည်းခြင်း လောင်းထည့်ပါ။
၅။ ထို့နောက် အဖုံးအုပ်ပြီ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့် တည်ထားပေးပါ။
Egg_Curry4
၆။ နောက်ဆုံးမှ နံနံပင်၊ မကျည်းရည်၊ မဆလာ(တ၀က်) အုပ်ပြီ အရသာရှိစွာ ကြက်ဥ ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ…
Egg_Curry6