ဟင်းနုနွယ် နှင့် ဆေးဘဲဥ ဟင်းချို

ဟင်းနုနွယ် နှင့် ဆေးဘဲဥ ဟင်းချို

Spinach_CenturyEgg2
တရုတ်စတိုင် ဟင်းနုနွယ်၊ ဆေးဘဲဥ၊ ဘဲဥဆားစိမ်တို့နဲ့ ရောချက်ထားတဲ့ ဟင်းချိုပါ။ လုပ်ရတာလည်း အရမ်းလွယ်ပြီ အချိန်တိုတွင်းမှာပဲ ချက်နိုင်ပါတယ်။ ခုပဲ တူတူ လုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ဆေးဘဲဥ – ၂လုံး
  • ဘဲဥဆားစိမ် – ၁လုံး
  • ဟင်းနုနွယ် – ၂၀၀ ဂရမ် (၃လက်မ အရွယ်များ ပိုင်းဖြတ်ထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ပြုတ်ရည်(သို့)ရည် – ၁ခွက်(၂၀၀ မီလီလီတာ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
Spinach_CenturyEgg
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဆေးဘဲဥ၊ ဘဲဥဆားစိမ်ကို ကျက်အောင် ၄မိနစ်ခန့် တည်ထားပေးပါ။
၂။ ပြီလျှင် ဆေးဘဲဥ၊ ဘဲဥဆားစိမ်ကို အခွံနွှာပြီ အတုံးသေးများ တုံးထားပါ။
၃။ ဒယ်အိုးရေ ရေထည့် ရေဆူလာလျှင် ဆား၊ ဆီ၊ ဟင်းနုနွယ်ထည့်ပြီ ၂-၃မိနစ်ခန့် တည်ထားပါ။
Spinach_CenturyEgg1
၎။ ပြီနောက် ရေတ၀က်ခန့် လျှော့ပြီ ပဲငံပြာရည်၊ ဆေးဘဲဥ၊ ဘဲဥဆားစိမ်တို့ကို ထည့်ဆူအောင် တည်ပြီ မီးပိတ်လိုက်ပါ။
၅။ အရသာ ထူးခြားကောင်းမွန်တဲ့ ဟင်းနုနွယ်နဲ့ ဆေးဘဲဥ ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ..
Spinach_CenturyEgg2