ပြန်ပေါင်းထုပ် (ထမင်းပေါင်းအိုးနဲ့ချက်တဲ့ ပြန်ပေါင်းထုပ်)


မန္တလေးမှာတော့ ပြန်ပေါင်းထုပ်လို့ ခေါ်ပါတယ်။ ကျန်တဲ့ နေရာဒေသတွေမှာတော့ ဘယ်လို ခေါ်လဲ မသိဘူးပေါ့နော်။ ကောက်ညှင်းကို ကုလားပဲနဲ့ အုံးသီးလေးနဲ့ ဖက်ရွက်နဲ့ထုပ်ထားတာပါ။ အခုနည်းကတော့ ထမင်းပေါင်းအိုးနဲ့ချက်ပြီး ဖက်ရွက်အနံ့ လဲမွှေးမွှေးလေးနဲ့ ပြန်ပေါင်းထုပ်အ၇သာ၊ အနံ့ နဲ့တပုံစံထဲထွက်ပါတယ်။ လုပ်ရတာလဲ လွယ်ကူပြီး စားလို့ လဲကောင်းတဲ့ ပြန်ပေါင်းထုပ်ကို လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းဆန် - ၃ ခွက် (ထမင်းပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့်)
၂။ ကုလားပဲ - ၁ ခွက် (ထမင်းပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့်)
၃။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း ခွဲ
၆။ အုံးသီးခြစ်ဖတ် - လက်တဆုပ်စာ
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ ငှက်ပျောဖက်ရွက်
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကောက်ညှင်းကို မနက်ဖြန် မနက်ချက်မည်ဆိုလျှင် ကုလားပဲကို ရှေ့ တရက် နေ့ လည်ကတည်းက ရေနွေး၊ ဆော်ဒါ ဖြင့် စိမ်ထားပါ။
၂။ မနက်ဖြန် မနက်ချက်မည့် ကောက်ညှင်းကို ညတွင် ချက်မည့်ပေါင်းအိုးထဲမှာ ရေအမှတ် ၃ မှာထားပြီးရေစိမ်ထားပါ။
၃။ နောက်ရက်မနက် ချက်မည့် အချိန်တွင် ကုလားပဲကို ရေဖြင့် ပြန်ဆေးရ်ျ ရေစစ်ပါ။ ထို့ နောက် ကောက်ညှင်းရေစိမ်ထားသော ထမင်းပေါင်းအိုးထဲကို ကုလားပဲများထည့်ပါ။ ဆီ၊ဆား၊သကြားတို့ ကိုထည့်ရ်ျ သမအောင်မွှေပါ။ ပြီးလျှင် ထမင်းချက်သလိုချက်ပါ။
၎။ ကောက်ညှင်း ကျက်ကျက်ချင်း အုံးသီးခြစ်ဖတ်များကို ကောက်ညှင်းအပေါ်မှဖြူးပါ။ ထို့ နောက် သန့် စင်ထားသော ငှက်ပျော်ဖက် ကို အုံးသီးခြစ်အပေါ်မှ အုပ်ရ်ျ ထမင်းပေါင်းအိုးကို ပြန်ဖုံးပြီး နာရီဝက်ခန့် နှပ်ထားပါ။
၅။ ဖက်ရွက် အနံ့ လဲပါတယ်၊ အုံးသီးအနံ့ ကောပါတဲ့ မွှေးမွှေးလေး ပြန်ပေါင်း ကို သုံးဆောင်နိုင်ပါပြီ။
Image may contain: food