သက်သက်လွတ် ပီဇာ
သက်သက်လွတ် ပီဇာ
ဝါတွင်း ၃လ သက်သက်လွတ် စားသည့်သူများအတွက် သက်သက်လွတ် ပီဇာလုပ်နည်းလေးပါ။ Super Supreme ပီဇာလိုပဲ ဒီပီဇာမှာ ငရုတ်သီးပွစိမ်း၊ ငရုတ်သီးပွနီ၊ မှို၊ နာနတ်သီး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ချိစ် အစုံအလင်ပါဝင်ပါတယ်။ ကိုယ်တိုင် အိမ်မှာလုပ်စားနိုင်အောင် သက်သက်လွတ်ပီဇာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်…
ပီဇာအတွက် ပါဝင်သော ပစ္စည်းများ
- ပီဇာဒိုး – ၁ချပ်
- ပီဇာဆော့
- သံလွင်သီး – စားပွဲတင်ဇွန်း ၁ဇွန်းစာ (မထူမပါး လှီးပေးပါ)
- ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ အတုံးများ တုံးပါ)
- ငရုတ်သီးပွနီ (သို့) ၀ါ- ၁ခု (အစေ့ထုတ်ပြီ အတုံးများ တုံးထားပါ)
- မှို(button mushroom) – ၁၀၀ ဂရမ် (ပါးပါးလှီးပါ)
- နာနတ်သီး – ၂၀ိုင်းစာ (ပါးပါးလှီးပါ)
- ပြောင်းဖူး (စည်သွပ်ဗူး) – တ၀က်
- ခရမ်းချဉ်သီး (၂လုံး) – အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
- Mozzarella ချိစ် – ၁တုံး (၁ခွက်စာ ခြစ်ပြီသား)
- Tabasco – အနည်းငယ်
မှတ်ချက် ။ ။ ပါဝင်ပစ္စည်းများအားလုံးကို (ဓမ္မစေတီလမ်း Market Place(City Mart) တွင်ဝယ်ယူနိုင်ပါသည်)
ပီဇာဖုတ်နည်း
၁။ ပီဇာအတွက် ပါဝင်ပစ္စည်းများကို ပစ္စည်းတစ်ခုထဲတွင် စီထားပါ။
၃။ ပြီးလျှင် ဖုတ်ပြီသား ဒိုးပေါ်သို့ ပီဇာဆော့များကို ဖြူးပေးပြီ အပေါ်မှ ချိစ်များ ဖြူးပေးပါ။
၎။ ထို့နောက် ပီဇာအတွက် ပါဝင်သော ပစ္စည်းများဖြစ်သော (နာနတ်သီး၊ မှို၊ ငရုတ်သီးပွစိမ်း၊ ငရုတ်သီးပွနီ၊ ခရမ်းချဉ်သီး၊ ပြောင်းဖူး၊ သံလွင်သီး) များကို စီစီညာညာ ထည့်ပေးပါ။
၅။ အပေါ်ဆုံးမှ ချိပ် အနည်းငယ်ထပ် ဖြူးပေးပါ။ tabasco(အနည်းငယ်) နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးပါ။
၆။ ပြီးလျှင် 0ven ထဲထည့်ကာ ၂၀၀ဒီဂရီဖြင့် မိနစ် ၂၀ခန့် ဖုတ်ပေးပါက အရသာအရမ်းကောင်းမွန်တဲ့ သက်သက်လွတ် ပီဇာကိုရရှိပါပြီ…
Tip: အကယ်၍ ပီဇာဒိုးကို ပိုကြွပ်ရွရွှကြိုက်လျှင် ဒိုးပြား ပထမ အကြိမ်ဖုတ်စဉ် ၅မိနစ်လောက် ပိုဖုတ်ပေးပါ။
—————————————————————————————————-