အမဲ၊ အာလူး အချိုချက်
အမဲ၊ အာလူး အချိုချက်

အမဲ၊ အာလူး အချိုချက် ဟင်းလျာပါ။ ဒီဟင်းလျာမှာ အမဲသားကို ညှီနံ့ကင်းအောင် မဆလာ၊ ငရုတ်ကောင်းမှုန့် နိုင်နိုင်နဲ့ အာလူးနဲ့ ရောပြီ အချိုချက်ထားတာပါ။ အမဲသားကို နူးအိနေအောင် Pressure cooker နဲ့ ချက်ထားပါတယ်။ အရသာကလည်း ချိုစိမ့်ပြီ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာပါ။ ခုပဲ တူတူ ချက်ကြည့်၇အောင်…
ပါဝင်ပစ္စည်းများ
- အမဲသား – ၂၅ကျပ်သား (အနေတော်အရွယ် တုံးပါ)
- အာလူး – ၃လုံး (၈စိပ်စိပ်ထားပေးပါ)
- မဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- သကြား – လက်ဖက်ရည်ဇွန်း တ၀က်
- နံနံပင် – ခွက်တ၀က် (ပါးပါးလှီးပါ)
- အမဲပြုတ်ရည်(သို့) ရေ – ခွက် ၄ပုံ၃ပုံ
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ပြီနောက် ငရုတ်သီး အရောင်တင်မှုန့်ထည့်ပြီ ရောမွှေပါ။
၃။ မဆလာ၊ ငရုတ်သီးမှုန့်၊ အမဲသားထည့် အရောင်ရအောင် ၁မိနစ်ခန့် ရောမွှေပေးပါ။
၎။ ပြီနောက် အမဲသားများကို Pressure cooker ထဲ ပြောင်းထည့်ပါ။
၅။ ပြီလျှင် ရေ(ခွက် ၄ပုံ၃ပုံ)၊ ဆား၊ ကြက်သားမှုန့်၊ သကြား တို့ကို ထည့်ပါ။
၆။ ထို့နောက် pressure cooker ကို အဖုံးအုပ်၊ လေလုံအောင် ပိတ်ပြီမှ နာရီဝက်ခန့် အမဲသား နူအိသည်အထိ တည်ထားပေးပါ။
ရ။ အမဲသား နူအိဆိုမှ အာလူးထည့်ပြီ နောက်ထပ် ၁၀မိနစ် ထပ်တည်ပေးပါ။
၈။ အမဲသားနူအိသွားပြီဆိုလျှင် ဒယ်ထဲ ပြောင်းထည့်ပြီ ဆီပြန်သည်အထိ တည်ထားပါ။
၈။ အမဲ၊ အာလူးဟင်းလျာ ရပြီဆိုလျှင် အပေါ်မှ နံနံပင် အုပ်ပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
——————————————————————————————