ကြက်ခြေထောက်ပေါင်း
ကြက်ခြေထောက်ပေါင်း
တရုတ် ဒင်းဆမ်း ကြက်ခြေထောင်းပေါင်းကို မန်ထိုပေါက်စီနဲ့ တွဲဖက်ပြီ မနက်စာ၊ အစာပြေအဖြစ် သုံးဆောင်လို့ရပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ကြက်ခြေထောက်တွင် ပါဝင်ပစ္စည်းများ
- ကြက်ခြေထောက် – ၄၀၀ ဂရမ် (သန့်စင်ပြီသား)
- သကြား – စားပွဲတင်ဇွန်း ၄ဇွန်း
- ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
- ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
- နတ်နတ်ပွင့် – ၃ခု
နုပ်ရန် ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ပဲအနှစ်အမဲ (Black bean sauce) – စားပွဲတင်ဇွန်း ၁ဇွန်း
- ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
- ပဲငံပြာရည်(အနောက် အချို) – စားပွဲတင်ဇွန်း ၂ဇွန်း
- Hoisin ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း (optional)
- ဆန်ဝိုင်(သို့)ဆာကေး – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
- ငရုတ်သီးနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ ကြက်ခြေထောက်ကို ရေအေးဖြင့် သေချာ ဆေးကြောပေးပါ။
၂။ ပြီလျှင် ကြက်ခြေထောက်များကို သကြားဖြင့် သမအောင်ရောနုယ်ပေးပြီ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ အရောင်ရသည်အထိ ကြော်ပေးပါ။
၃။ ကြက်ခြေထောက်များ ကြော်ပြီပြီခြင်း ရေအေးထည့်ထားသော ခွက်ထဲသို့ ဆယ်ပြီ မိနစ်၂၀ခန့် စိမ်ထားပေးပါ။ (အချိန်ရပါက ၂နာရီခန့် ရေအေး စိမ်ထားပေးပါ)
၎။ ပြီလျှင် ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။
၅။ ဆူလာလျှင် ကြက်ခြေထောက်၊ ဂျင်း၊ နတ်နတ်ပွင့် တို့ကိုထည့်ပြီ ၆-ရမိနစ်ခန့် မီးအသင့်တင့်ဖြင့် တည်ထားပေးပါ။
၆။ ပြီမှ ကြက်ခြေထောက်များ ပြန်ဆယ်ပြီ နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်ဖြူ၊ ပဲအနှစ်အမဲ၊ ခရုဆီ၊ hoisin ဆော့၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ကိုရီယားငရုတ်သီးနှစ်၊ င၇ုတ်ကောင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာ အောက်ထပ်တွင် ၁ညသိပ်ပေးပါ။
ရ။ မနက်ခင်း စားခါနီး ၁၀မိနစ်ခန့် ရေခဲသေတ္တာထဲမှ စောထုတ်ပြီ ပေါင်းအိုးဖြင့် ကြက်ခြေထောက်များ အရမ်းနူအိသည်အထိ ၄၅မိနစ်ခန့် ပေါင်းအိုးဖြင့် ပေါင်းပေးပါ။
၈။ အရသာရှိသော ကြက်ခြေထောက်ပေါင်းကို မန်ထိုပေါက်စီဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…




