ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်

ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်

Salmon_Grill2
ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်ပါ။ ဆယ်မွန်ကို တာရီယာကီဆော့နဲ့ ကင်ထားတာမို့ အရမ်းစားလို့ ကောင်းပါတယ်။ ဆယ်မွန်ငါးကင် နှင့် သစ်သီး ဆလတ်သုပ်က ကျန်မာရေးနဲ့ ညီညွှတ်ပြီ လုပ်ရလည်း လွယ်ပါတယ်။ ခုပဲ တူတူလုပ်စားကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
  • ဆယ်မွန်ငါး – ၄၀၀ ဂရမ် (အလယ်အရိုးကနေ ထက်ခြမ်းခြမ်းထားပေးပါ)
  • ပန်းသီး – ၁လုံး (အခွံနွှာပြီ အတုံးများ တုံးပါ)
  • စပျစ်သီး – ၁၀လုံး
  • ငပျောသီး – ၁လုံး
  • ဆလတ်ရွက် – စည်းဝက် (ရေစင်အောင် ဆေးထားပေးပါ
—————————————————
တာရီယာကီဆော့တွင် ပါဝင်ပစ္စည်းများ
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ရေ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (ခပ်ညက်ညက်ထောင်းပါ)
—————————————————
လီမွန်ဆော့တွင် ပါဝင်ပစ္စည်းများ
  • လီမွန်ရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား၊ ငရုတ်ကောင်းမှုန့် – အနည်းငယ်
—————————————————
ဆယ်မွန်ငါးကင်နည်း
၁။ အရင်ဆုံး ဆယ်မွန်ငါးကို အရေခွံကို အောက်နားမှ ဓားဖြင့်အသာလေး လှီးဖြင့် ဖယ်ပေးပါ။ (သို့) ဆယ်မွန်ငါး အရေခွံပါ ထည့်ကင်လျှင်လည်း ရသည်။
Salmon_Grill
၂။ ထို့နောက် တာရီယာကီဆော့တွင် ပါဝင်ပစ္စည်းများကို ခွက်တစ်ခုထဲ (ပဲငံပြာရည်၊ ရေ၊ သကြား၊ ကြက်သွန်ဖြူ) တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။
Salmon_Grill1
၃။ ပြီမှ ဆယ်မွန်ငါး ထည့်ထားသော ခွက်ထဲ တာရီယာရီဆော့ရည်များထည့်ပြီ ၁နာရီခန့် ရေခဲသေတ္တာအောက်ထပ်တွင် နုပ်ထားပေးပါ။
၎။ နုပ်ထားပြီလျှင် ဆယ်မွန် ငါးကင်ကို မီးကင်ပြား(သို့) ဒယ်ပြားပေါ်တင်ပြီ တဖက်ကို ၂-၃မိနစ်နှုန်းဖြင့် ကင်ပေးပါ။
၅။ အရသာရှိသော ဆယ်မွန်ငါးကင်ကို သစ်သီး လီမွန်ဆလတ်သုပ်ဖြင့် တွဲဖက် သုံးဆောင်လို့ရပါပြီ…
Salmon_Grill2
—————————————————
လီမွန်ဆလတ်သုပ်
၁။ အရင်ဆုံး ခွက်တစ်ခုထဲ လီမွန်ဆော့တွင် ပါဝင်ပစ္စည်းများကို ရောမွှေလိုက်ပါ။
၂။ ပြီမှ သစ်သီးနှင့် ဆလတ်ရွက်များများ ပေါ်မှ လီမွန်ဆော့ရည်များ ဆမ်းပေးပါ။
—————————————————