ကြက်သား ခနုံထုပ် ( ၁၅ ခု - ၂၀ ခု စာ)
ခနုံထုပ် လုပ်နည်းမေးထားတဲ့ သူများအတွက် ခနုံထုပ်လုပ်နည်းပါ။
မန္တလေးမြို့ ၇ဲ့ အစားအစာတခုဖြစ်တဲ့ ကြက်သားခနုံထုပ်ကို စားဖူးတဲ့သူတိုင်း အ၇မ်းကြိုက်ကြပါတယ်။ အပြင်ဘက်က ကြက်ဥနဲ့ လုပ်ထားတဲ့ အဖတ်နဲ့ အတွင်းထဲက ကြက်သားနဲ့ ကြက်သွန်နဲ့ ကြော်ထားတာကို အစာသွပ်ထားတာပါ။ ဈေးချိုတို့ အခြားဈေးတွေရဲ့ အသည်တွေမှာ တော်တော်များများ ၀ယ်စားလို့ ရပါတယ်။ အပြင်ဘက်က အဖက်ရွက်က တချို့ က ကြက်ဥတမျိုးထဲနဲ့ လုပ်ကြပါတယ်။ တချို့ ကတော့ ဂျုံနည်းနည်းထည့်ပါတယ်။ ဂျုံထည့်တဲ့ အဖတ်က ပိုနူးညံ့ပြီးစားလို့ ပိုကောင်းပါတယ်။ အ၇မ်းစားလို့ ကောင်းလို့ လုပ်စားကြည့်ကြနော်။
ပါဝင်သောပစ္စည်းများ
၁။ အသားချည်း ကြက်သား - ၂၅ ကျပ်သား
၂။ ကြက်သွန်နီ
၃။ ကြက်သွန်ဖြူ - ၅ မွှာ
၎။ ကြက်ဥ - ၆ လုံး
၅။ ရေ - ၁ ခွက်ခွဲ
၆။ ဂျုံမှုန့် - ထမင်းစားဇွန်း ၁၀ ဇွန်း
၇။ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၈။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၉။ ကြက်သားကြော်ရန် ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၁၀။ ဆနွင်း - လက်ဖက်ရည် ဇွန်း - တ ၀က်
၁၁။ အေ၇ာင်တင်မှုန့် - လက်ဖက်ရည်ဇွန်း - တ၀က်
၁၂။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ (သို့ ) ၂ ဇွန်း
၁၃။ အချိုမှုန့် (သို့ ) သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ကြက်သားကို ဆား ၊အချိုမှုန့် အနည်းငယ်ထည့်ရ်ျေ၇အနည်းငယ်နှင့်ေ၇ခမ်းပြုတ်ပါ။
၂။ ပြုတ်ပြီးသား ကြက်သားကို အသားအမျှင်လေးများဖြစ်အောင်
၃။ ကြက်သွန်နီ ၇ဲ့ ပမာဏက မွှာထားသော ကြက်သား ရဲ့ ပမာဏနဲ့ တူတူထည့်ပါမည်။ ကြက်သွန်နီကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။
၎။ ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇါန်း ၄ ဇွန်းကိုထည့်ရ်ျ အပူပေးပါ။ ပူလာလျှင် ကြက်သွန်နီကိုထည့်ရ်ျ ဆီသတ်ပါ။ ကြက်သွန်နီ နွမ်းလာလျှင် ကြက်သွန်ဖြူကို ထည့်ရ်ျ ဆီသတ်ပါ။ ဆနွင်းနှင့် အေ၇ာင်တင်မှုန့် ကို ထည့်ပါ။ နောက်ဆုံးမှ ကြက်သားကို ထည့်၊ ငံပြာရည်၊ အချိုမှုန့် တို့ ကိုထည့်ပါ။ အားလုံးနှံ့ ရင် မီးဖိုပေါ်မှချပါ။ အတွင်းထဲထည့်မည့်အစာပလာ၇ပြါ
၅။ အပြင်ကြက်ဥ အဖတ် လုပ်ရန် အတွက် - ကြက်ဥ ၆လုံး - ရေ ၁ ခွက်ခွဲ - ဂျုံမှုန့် - ထမင်းစားဇွန်း ၁၀ ဇွန်း - ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ - ဆား လက်ဖက်ရည်ဇွန်း တ ၀က် တို့ ကို ဇလုံတခုထဲထည့်ရ်ျ ဂျုံမှုန့် များ အ၇ည်ပျော်သည်အထိခလောက်ပါ။
၆။ မကပ်တဲ့ ဒယ်အိုးအပြား ကို ဆီ အနည်းငယ် စွတ်ရ်ျ အပြားပါးပါးလေးတွေ ၇အောင် အချပ်လိုက်ကလေးတွေလုပ်ပါ။
၇။ ခနုံ ထုပ်လုပ်ရန်အတွက် အပြင်ကြက်ဥဖတ်ကို အ၇င်ခင်း ပြီးလျှင် ကြက်သားကြက်သွန် အစာပလာကိုထည့်ပြီးလိပ်ပါ။
၈။ အချဉ် အတွက်က ငရုတ်ဆော့ နှင့် အချိုဆော့ ကိုစတူေ၇ာပြီးေ၇အနည်းငယ်ထည့်ပါ။ သုံးဆောင်နိုင်ပါပြီ။
