" အုန်းယို အစာသွပ် မြေပဲ နှမ်းကပ် မုန့်လုံးရေပေါ် "

" အုန်းယို အစာသွပ် မြေပဲ နှမ်းကပ် မုန့်လုံးရေပေါ် "
မုန့်လုံးရေပေါ်ကို အခြေခံပြီး ပုံစံလေးပြောင်းပြီး လုပ်ထားတာပါ။ လုပ်နေကျအတိုင်း ထန်းလျက် အစာသွပ်၊ အုန်းသီးဖြူးပြီးစားရတာမဟုတ်လို့ ရိုးရာကိုဖျက်တယ်လို့ မယူဆပဲ ကောက်ညင်းသားရဲ့ နူးညံ့မှု ကို မြေပဲလှော်ထောင်း၊ နှမ်းလှော်ထောင်းတို့ရဲ့ မွှေးပျံ့တဲ့ အနံ့၊ စိမ့်လှတဲ့အရသာ၊ အုန်းနို့နဲ့ ထိုးထားတဲ့ အုန်းယိုရဲ့ ချိုစိမ့်အရသာတို့ ပေါင်းစပ်ထားတာတဲ့ အုန်းယို အစာသွပ် မြေပဲ နှမ်းကပ် မုန့်လုံးရေပေါ် လေးကို စားကြည့်ကြပါဦးရှင် … 
***... အစာသွပ်မည့် အုန်းယိုလုပ်ဖို့ အတွက် လိုအပ်တာလေးတွေ…
1. palm sugar (ထန်းလျက်) – 100 g
2. အုန်းနို့ – 1/4 cup (60 ml)
3. ဆား – 1/8 tsp
4. ခြစ်ထားသော အုန်းသီးဖတ် – 1 cup (250 ml)
#. palm sugar နှင့် အုန်းနို့ကို ရောကာ medium heat ဖြင့် palm sugar များပျော်သွားအောင် မွှေကျိုပေးပါ။
#. palm sugar များပျော်ကာ ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး high heat ဖြင့် အရည်အတော်လေး ခမ်းသွားအောင် မကြာခဏမွှေကျိုပေးပါ။ (အရည်ခမ်းခါနီးလျှင် medium heat သို့လျှော့ချပေးပါ။)
#. အရည်စေးစေးပစ်ပစ်လေး အနည်းငယ်ကျန်လျှင် အသုံးပြုရန်အတွက် အုန်းယို အသင့်ဖြစ်ပြီမို့ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။ (အုန်းယိုကို အရမ်းခြောက်ကပ်သွားအောင် မကျိုလိုက်ပါနှင့်။)
#. အနည်းငယ်အေးသွားလျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် အလုံးလေးများ လုံးထားပါ။
#. အုန်းယို အစာသွပ် မြေပဲ နှမ်းကပ် မုန့်လုံးရေပေါ် အတွက် လိုအပ်တာလေးတွေ…
1. အုန်းနို့ဖြင့် ထိုးသော အုန်းယို
2. ကောက်ညင်းမှုန့် – 4 cups (rice cooker မှာပါသောခွက်)
3. ဆန်မှုန့် – 1 cups (rice cooker မှာပါသောခွက်)
4. ရေ – ခန့်မှန်းခြေ 2 cups (rice cooker မှာပါသောခွက်)
5. မညက်တညက်ထောင်းထားသောမြေပဲလှော် – ထမင်းစားဇွန်း ၈ ဇွန်း
6. မညက်တညက်ထောင်းထားသော နှမ်းလှော် – ထမင်းစားဇွန်း ၂ ဇွန်း
#. ရေကို တစ်ခါတည်း အများကြီးလောင်းမထည့်ပဲ နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ။ အောက်ပုံပါအတိုင်း မုန့်နှစ်စေးစေးလေးဖြစ်ရပါမယ်။
#. မုန်.နှစ်ကို ထမင်းစားဇွန်း ၁ ဇွန်းခန့် အလုံးလေးလုံးပေးပါ။
#. အလုံးလေးကို လက်ဖြင့်ဖိပြားပြီး အုန်းယိုကိုထည့်ကာ လုံအောင် လုံးထားပါ။
#. ကျန်မုန်.နှစ်များကိုလည်း အုန်းယိုထည့်ကာ အထက်ပါ နည်းအတိုင်းလုံးထားပါ။
#. ပြီးလျှင် ပွက်ပွက်ဆူနေသည့်ရေထဲ အလုံးလေးများကို ဖြည်းဖြည်းချင်း ထည့်ပေးပါ။
(ထည့်ပြီး ၃၊၄ မိနစ်ခန့်ကြာသည့်အချိန်ထိ အချို့အလုံးလေးများ အပေါ်တက်မလာလျှင် (အိုးဖြင့်ကပ်နေနိုင်သောကြောင့်) ဇွန်းဖြင့် အနည်းငယ်ခွါပေးပါ။)
#. အလုံးများ ရေပေါ် ပေါ်လာလျှင် ချက်ချင်းမဆယ်သေးပဲ ၂ မိနစ်ခန်. ဆက်ထားပါ။
#. ပြီးလျှင် ဆယ်ပြီး ရေအေးထဲ (ရေခဲရေမဟုတ်) ထဲ ၂ မိနစ်ခန့်စိမ်ကာ
#. ရေစစ်ပြီး ပြန်ဆယ်ထားပါ။
#. ပြီးနောက် မြေပဲလှော်ထောင်း၊ နှမ်းလှော်ထောင်း အရောအနှောများဖြင့် ကပ်သွားအောင် လူးလှိမ့်ပေးကာ
#. အုန်းယို အစာသွပ် မြေပဲ နှမ်းကပ် မုန့်လုံးရေပေါ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
💖💖💖💖💖

Image may contain: food and indoor