တို့ဟူး ကော်ရည်ဟင်းချို

တို့ဟူး ကော်ရည်ဟင်းချို

တို့ဟူးကော်ရည် ဟင်းချိုက တရုတ်စတိုင် ဟင်းချက်နည်း တစ်မျိုးဖြစ်ပါတယ်။ တို့ဟူးကို ပြန်ကြော်ထားတာမို့ အရသာကလည်း အရမ်းကောင်းပါတယ်။ နှမ်းဆီ နှင့် ငရုတ်ကောင်း နံ့လေးကလည်း သင်းနေတာမို့ ဟင်းချို ကောင်းကောင်းချက်ချင်သူများ အတွက် မျှဝေပေးလိုက်ပါတယ်….
ပါဝင်သောပစ္စည်းများ
၁။ တို့ဟူး – ၁ခု
၂။  ပြောင်းဖူး – ဖူးဝက် (လက်ဖြင့် ချွေပါ)
၃။ မှိုခြောက် – ၅ပွင့် (ရေနွေးဖြင့် ပြုတ်ပေးပြီ အညှာကို လှီးထုတ်လိုက်ပါ)
၎။ ကြက်သွန်နီ – ၁လုံး ( ပါးပါးလှီးပါ)
၅။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၆။ ကြက်ဥ – ၂လုံး (ကြက်ဥ အကာကို ခလောက်ပါ)
ရ။ ကြက်သွန်မြိတ် – အနည်းငယ် (အရှည်အစောင်းလှီးပါ)
၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ နှမ်းဆီ – ၅စက်
၁၀။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး တို့ဟူးကို အ၀ိုင်းလေးများ လှီးပါ။
၂။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်၍ တို့ဟူးဝိုင်းလေးများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၃။ မှိုခြောက်များကို အရှည်လှီးပေးပါ။ ချက်ပြုတ်ရန် ပါဝင်သောပစ္စည်းများကို ပန်းကန်တစ်ခုပေါ်တွင် ပြင်ဆင်ထားပါ။
၎။ ထို့နောက် ဒယ်အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ပေးပါ။ ကြက်သွန်ဖြူ ၊ နီထည့် ၁မိနစ်ခန့် မွှေပေးပါ။
၅။ ပြီးလျှင် ပြောင်းဖူး၊ မှိုခြောက်၊ တို့ဟူးတို့ကို ထည့်တည်ထားပေးပါ။
၆။ အရသာ အပေါ့အငံ့အတွက် ဆား( လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ထည့်ပါ။
ရ။ ပြီးနောက် ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်တို့ကို ဖြူးပေးပါ။
၈။ ပွက်ပွက်ဆူလာလျှင် ကော်ရည် (စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)ကို ရေဖျော်ပြီး ထည့်မွှေပေးပါ။
၆။ ထို့နောက် ခလောက်ထားသော ကြက်ဥအကာကို ထည့်ကာ နားနားလေး မွှေပေးပါ။
ရ။ တို့ဟူး ကော်ရည်ဟင်းချိုကို ပူပူနွေးနွေး စားသုံးနိုင်ပါပြီ။