အိန္ဒိယစတိုင် နို့ခဲဟင်း

အိန္ဒိယစတိုင် နို့ခဲဟင်း

Panner (သို့) Cottage Cheese လို့ခေါ်တဲ့ အိန္ဒိယစတိုင် နို့ခဲကို အုန်းနို့နဲ့ ချက်ထားတာပါ။ အရသာ စိမ့်ပြီ အရမ်းစားကောင်းပါတယ်။ နို့ခဲ အုန်းနို့ဟင်းလျာကို ချာပတီ၊ ထမင်းနဲ့ တွဲဖက် သုံးဆောင်ဖို့ လိုက်ဖက်ပါတယ်။ ချက်နည်းကလည်း လွယ်တာမို့ ခုပဲလုပ်ကြည့်၇အောင်…
နို့ခဲတွင် ပါဝင်ပစ္စည်းများ
  • နွားနို့ – ၁.၆လီတာ (သို့) ၈ခွက် (Measurement ချိန်ခွက်ဖြင့် ချိန်ရန်)
  • ဗီနီကာ – ခွက် ၄ပုံ၁ပုံ
  • အ၀တ်ဖြူ – ၁ခု (နို့ခဲစစ်ရန်)
ဟင်းလျာတွင် ပါဝင်ပစ္စည်းများ
  • နို့ခဲ
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စင်းပါ)
  • သစ်ဂျပိုး – ၁ခု
  • ကလဝေရွက် – ၁ရွက်
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • အုန်းနို့ခရင်း – ၆၀ မီလီလီတာ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား –  လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ဂီ (သို့) ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

နို့ခဲ ပြုလုပ်နည်း
၁။ ဒယ်အိုးထဲ နွားနို့ ထည့်ပြီ မီးအသင့်တင့်ဖြင့် ဆူသည်အထိ တည်ထားပါ။
၂။ ဆူလာလျှင် မီးကို လျှော့လိုက်ပြီ ဗီနီကာ ထည့်ကာ ရောမွှေလိုက်ပါ။
၃။ ပုံတွင် ပါသည့်အတိုင်း နို့ခဲဖတ် နဲ့ အရည်ကြည်သက်သက် ကွဲသွားသည်အထိ ၁မိနစ်ခန့် ထပ်တည်ပြီ မီးပိတ်လိုက်ပါ။
၎။ ဇလုံတစ်ခုထဲ အ၀တ်သန့်ဖြူကို ထည့်ပြီ နို့ခဲရည်များကို လောင်းချလိုက်ပါ။
၅။ ပြီနောက် အ၀တ်သန့်ဖြင့် နို့ခဲများကို စစ်ယူပြီ အရည်စစ်ပေးပါ။ ပြီလျှင် နို့ခဲထုပ်ထားသော အ၀တ်ဖြူအပေါ်မှ လေးလံသော ပစ္စည်းတစ်ခုခု တင်ကာ မိနစ် ၂၀-၃၀ခန့် ရေစစ်ထားပေးပါ။
၆။ ထို့နောက် နို့ခဲများကို ပုံတွင်ပါသည့်အတိုင်း အတုံးလေးများ တုံးလိုက်ပါ။
နို့ခဲဟင်း ချက်နည်း
၁။ ဒယ်ထဲ ဂီထည့်ပြီ ပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ပြီနောက် ငရုတ်သီးမှုန့်၊ သစ်ဂျပိုး၊ ကလဝေရွက်၊ နံနံစေ့၊ နနွင်းမှုန့်တို့ကို ထည့်ပြီ ၁မိနစ်ခန့် မွှေပေးပါ။
၃။ ပြီနောက် ခရမ်းချဉ်သီး၊ ရေ(၂ခွက်ခွဲ) ထည့်ကာ ခရမ်းသီးနူသည်အထိ အဖုံးအုပ်ပြီ တည်ထားပါ။
၎။ ခရမ်းချဉ်သီး နူသွားလျှင် နို့ခဲ၊ အုန်းနို့၊ ဆား၊ ကြက်သားမှုန့်၊ သကြား တို့ကို ထည့်ပြီ ရောမွှေပြီ ၁မိနစ်ခန့် တည်ထားပါ။
၅။ ရေနည်းနည်းကျန်လျှင် အရသာ အပေါ့အငံ့ အနေတော်မြည်းပြီ အပေါ်မှ နံနံအုပ်ကာ မီးပိတ်လိုက်ပါ။
၆။ အရသာ အလွန်ကောင်းမွန်သော အိန္ဒိယစတိုင် နို့ခဲ အုန်းနို့ဟင်းလျာကို ချာပတီ(သို့) ထမင်းဖြင့် တွဲဖက် သုံးဆောင်လို့ရပါပြီ…