ငါကြင်းရွှေဝါ ဥ ကြော် .
ငါကြင်းရွှေဝါ ဥ ကြော် .
~~~~~~~~~~~
ငါးကြင်ရွှေဝါ က အခြားငါးတွေထက် အသားပိုနူးညံပြီး ပျိုချိုပါတယ် နော် ။ ဥ ကတော့အခုမှစားဖူး ဥ ကလည်းအရသာ ပိုရှိတယ် အခြားငါးဥထက် အနံလည်း မပျင်းဘူး စားလို့အရမ်းကောင်းလို့ တင်လိုက်ပြီနော် ။
ငါးဥ ကိုရေဆေးသန့်စင်ပြီး ကြက်သွန်အနီ ဖြူ ဂျင်း စပါးလင် ပါးပါးလှီး ရောထောင်း ....ဆနွင်း ထည့် ဆီသတ် မွှေးလာရင် ငရုတ်သီး စိမ်းထောင်းထည့် ဆားဟင်းခတ်မှုန့်ထည့် ။ ငါးဥ ထည့်ကြော် ။ငါးဥ ကျက်အောင် ရေလေးခံကြော်ပါ ။ ငါးဥကြော်ရင် ဆီတွေ ရွှဲနေအောင် မထည့်ပါနဲ့ ။ ရေခမ်းဆီပြန် လာရင် နံနံပင် ၊ ရှမ်းနံနံ ၊ ဖတ်ဖိုက်လေးထည့် ပြီး ရင် ရပါပြီရှင့် ။ တော်တော်လေးဆူ လို့ စားလို့အရသာ ရှိလိုက်တာ 👍👍👍👍👍
Nan Ei Hnin Nwe