အုန်းသီး သာကူလုံး (သာကူပြင်)
အိစံတို့ အိမ်မှာ ပွဲလုပ်တိုင်း မပါမဖြစ်တဲ့ အုံးသီးသာကူလုံးပါ။ တချို့ ကလဲ သာကူပြင်လို့ ခေါ်ပါတယ်။ အိစံအဒေါ်အမြဲလုပ်တဲ့ အချိုပွဲလေးပါ။ အိစံတို့ အိမ်နဲ့ ခင်တဲ့ သူတိုင်း ဒီအချိုပွဲလေးကို စားဖူးကြပါတယ်။ စားလို့ အ၇မ်းကောင်းပါတယ်။ အဒေါ်ရဲ့ လုပ်နည်းကလွယ်လဲလွယ်တယ် စားလို့ လဲကောင်းလို့ လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ သာကူ - ၂ ခွက်
၂။ ရေ - ၂ ခွက်
၃။ နှစ်သက်ရာ ဖျော်ရည် (စပါကလင်၊ ခရင်ဆော်ဒါ၊ လိမ္မော်) - ၂ ခွက်
၎။ သကြား - ၂ ခွက်
၅။ ခြစ်ထားသော အုန်းသီးဖတ် - ၂ ခွက်
၆။ ဆား - အနည်းငယ်
(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
ပြုလုပ်နည်း
၁။ သာကူကိုေ၇ဆေးပြီးေ၇စစ်ထားပါ။
၂။ ရေ၊ ဖျော်ရည်၊ ဆား တို့ ကို သာကူကြိုမည့် အိုးထဲထည့်ရ်ျ ပွက်လာသည်အထိတည်ပါ။
၃။ အ၇ည်များပွက်လာလျှင် သာကူကို ထည့်ရ်ျ အဆက်မပျက်မွှေပါ။
၎။ ၃ မိနစ်လောက်မွှေပြီးမှ သကြားကို နောက်ဆုံးမှ ထည့်ပါ။ (သကြားအ၇င်ထည့်လျှင် မတွဲပဲ နေတတ်ပါတယ်။)
၅။ သကြားထည့်ပြီး သာကူစေ့ ရဲ့ အလည် အစံ အနည်းငယ် (ဖောင်တိန်ထိပ်လောက်) ကျန်တဲ့ အချိန်တွင် မီးဖိုပေါ်မှချရ်ျ အအေးခံမည့် ဘန်းထဲထည့်ရ်ျ အအေးခံပါ။
၆။ အေးသွားသော သာကူများကို ကပ်ကျေးဖြင့် အတုံးများ တုံးရ်ျ အုန်းသီးဖတ်များဖြင့် လူးပါ။ (အုန်းသီးဖတ်ကို စားခါနီးမှလူးရ်ျ စားပါ။ အုန်းသီးဖတ်များ လူးထားသောသာကူက အကြာကြီး မခံပဲ ချဉ်သွားတတ်လို့ ပါ။)
