မုန့် ကြာစေ့


မုန့် ကြာစေ့လုပ်နည်းမေးထားတဲ့ သူတွေအတွက်
မြန်မာ့ရိုးရာမုန့် တမျိုးဖြစ်တဲ့ မုန့် ကြာစေ့ကတော့ လူကြိုက်များပြီး လုပ်နည်းလွယ်ကူစားလို့ ကောင်းပါတယ်။ အိမ်မှာ လုပ်စားဖို့ အ၇မ်းအဆင်ပြေလို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့် - ၁ ခွက် (သို့ ) ထမင်းစားဇွန်း ၁၆ ဇွန်း
၂။ ဆန် မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
၃။ ရေ - ထမင်းစားဇွန်း ၉ ဇွန်း
၎။ ဆား - အနည်းငယ်
၅။ ထန်းလျက်အခဲ - ၁၅ ကျပ်သား
၆။ အုံးသီးခြစ်ဖတ် - ထမင်းစားဇွန်း ၄ ဇွန်း
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် ၊ ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကောက်ညှင်းမှုန့် ၊ ဆန် မှုန့် ၊ဆားအနည်းငယ်ကိုေ၇ာရ်ျေ၇ထမင်းစားဇွန်း ၉ ဇွန်းထည့်ပြီး သမလာအောင်နယ်ထားပါ။ ထို့ နောက် အလုံးအသေးလေးတွေလုံးထားပါ
၂။ အိုးတခုထဲတွင် ထန်းလျက်ကိုေ၇ထည့်ပြီး ထန်းလျက်များအ၇ည်ပျော်လာသသည်အထိတည်ပါ။ အရည်ပျော်သွားလျှင်ေ၇စစ်ဖြင့် အမှိုက်များကိုစစ်ပါ။ ပြီးလျှင် အချိုကြိုက်နှစ်သက်သော အနေအထားရအောင်ေ၇ရောပါ။ေ၇များနေလျှင် လိုချင်သောအနေအထားရသည်အထိတည်ပါ။
၃။ အခြားအိုးတခုထဲတွင် ရေထည့်ပြီး ဆူလာအောင်တည်ပါ။ ရေဆူလာလျှင် လုံးထားသော မုန့် လုံးများကို ထည့်ပါ။ မုန့် လုံးများကျက်လာပြီးေ၇ပေါ်ပေါ်လာလျှင် မုန့် လုံးများကို ဆယ်ထားပါ။
၎။ ဆယ်ထားသော မုန့် လုံးများကို ကျိုထားသော ထန်းလျက်ရည်အိုးထဲထည့်ရ်ျ ပွက်လာသည်အထိပြန်တည်ပါ။ ပွက်လာပြီး ၁၀ မိနစ်ခန့် မီးဖိုပေါ်ဆက်တည်ထားပါ။ (အချို၇ည်များ မုန့် လုံးထဲဝင်သွားအောင်လို့ ပါ။)
၅။ ထို့ နောက် မုန့် ကြာစေ့ ပူပူလေးကို အုန်းသီးဖတ်ဖြူး၊ အုန်းနို့ ကြိုက်နှစ်သက်လျှင် အုန်းနို့ ဆမ်းရ်ျသုံးဆောင်နိုင်ပါတယ်။
Image may contain: food