ဗုံလုံသီး နဲ့ ကြက်ဥ အစပ် မွှေကြော်
ဗုံလုံသီး နဲ့ ကြက်ဥ အစပ် မွှေကြော်
လွယ်လွယ်ကူကူနဲ့ ချက်စားနိုင်ဖို့ ဗုံလုံသီး နဲ့ ကြက်ဥ အစပ်မွှေကြော်ပါ။ သက်သက်လွတ် စားသူတွေအတွက် တကယ်ကို ထမင်းနဲ့ တွဲဖက်သုံးဆောင်ဖို့ စားလို့ကောင်းတဲ့ ဟင်းလျာ တစ်မျိုးပါ။ ခုပဲ တူတူ ချက်ကြည့်၇အောင်…
ပါဝင်ပစ္စည်းများ
- ဗုံလုံသီး – ၁ခု (၂၀၀ ဂရမ်)
- ကြက်သွန်နီ – ၁လုံး
- ကြက်သွန်ဖြူ – ၂မွှာ
- ငရုတ်ပုပွနီ – ၂ခု (ရေနွေးဖြင့် ပြုတ်ပြီ အစေ့ထုတ်ထားပါ)
- ကြက်ဥ – ၁လုံး (ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)ဖြင့် ခလောက်ထားပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
- ရေ – ခွက် ၄ပုံ၁ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဗုံလုံသီးကို ထပ်ခြမ်းခြမ်းပြီ အစေ့ထုတ်ပေးပါ။
၂။ ပြီနောက် ဗုံလုံသီးကို မထူမပါး လှီးပေးပါ။
၃။ ငရုတ်ဆုံထဲ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး) တို့ကို ရောပြီ ညက်အောင် ထောင်းပေးပါ။
၎။ ပြီလျှင် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ရောထောင်းထားသော ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီး တို့ကို ထည့် ဆီသပ်ပါ။
၅။ ထို့နောက် ဗုံလုံသီး၊ ဆား ထည့်ပြီ အရောင်ရအောင် ၁မိနစ်ခန့် ရောမွှေပါ။
၆။ ပြီလျှင် ဗုံလုံသီးများကို ဒယ်ဘေးကို ကပ်ပြီ အလယ်သို့ ကြက်ဥထည့်ကာ ကြေအောင် မွှေပေးပါ။
ရ။ ပြီမှ ကြက်ဥမွှေကြော်နဲ့ ဗုံလုံသီးများကို ရောမွှေပြီ ရေထည့်ကာ ရေခန်းသည်အထိ တည်ထားပေးပါ။
၈။ ရေခန်း ဆီပြန်လာလျှင် မီးပိတ်ပြီ အရသာရှိသော ဗုံလုံသီး နဲ့ ကြက်ဥ အစပ် မွှေကြော်ကို သုံးဆောင်နိုင်ပါပြီ..