အာလူး ပန်ကိတ် (၈ခုစာ)
အာလူး ပန်ကိတ် (၈ခုစာ)
အစာပြေ လုပ်စားနိုင်ဖို့ အာလူး ပန်ကိတ် လုပ်နည်းပါ။ လုပ်ရအရမ်းလွယ်ပြီ မရိုနိစ်၊ သံပရာဆော့လေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အာလူး – ၄၀၀ ဂရမ်
- ချိစ် – ၁၀၀ ဂရမ် (ခြစ်တံဖြင့် ခြစ်ပေးပါ)
- ကြက်ဥ – ၁လုံး

- ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
- သံလွင်ဆီ
မရိုနိစ်ဆော့တွင် ပါဝင်ပစ္စည်းများ
- မရိုနိစ် – စားပွဲတင်ဇွန်း ၆ဇွန်း
- သံပရာသီး – တ၀က် (အရည်ညှစ်ပေးပါ)
- ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးပါ)
မှတ်ချက်။ ဆော့တွင် ပါဝင်ပစ္စည်းများကို ခွက်တစ်ခုထဲ ရောမွှေထားပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး အိုးတစ်ခုထဲ ရေများများ ထည့်ပြီ ဆားအနည်းငယ်၊ အာလူးကို ၁၅မိနစ်မှ မိနစ်၂၀ထိ နူးအောင် ပြုတ်ပေးပါ။
၂။ ပြီလျှင် အာလူးကို အအေးခံကာ အခွံခွာပြီ လက်ဖြင့်ခြေပေးပါ။
၃။ ထို့နောက် ဇောက်ပန်းကန်ထဲတွင် (အာလူး၊ ချိစ်၊ ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။
၎။ ပြီလျှင် ပုံတွင်ပါသည့်အတိုင်း အာလူးကို အ၀ိုင်းလေးများ လက်နှစ်ဖက်ဖြင့် ပြုလုပ်ပေးပါ။
၅။ ပြီနောက် ဒယ်ထဲ သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ အာလူး ပန်ကိတ် တဖက်ကို ၂-၃မိနစ်နှုန်းဖြင့် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၆။ ကျန် အာလူးများကို ထိုနည်းအတိုင်း ကြော်ပေးပါ။
ရ။ အာလူးပန်ကိတ် ပေါ်မှ မရိုနိစ်ဆော့များကို ဆမ်းပြီ အရသာရှိစွာသုံးဆောင်လို့ရပါပြီ…