ဖက်ရွက် ကြက်သား ချိုချဉ် အစာသွပ်

ဖက်ရွက် ကြက်သား ချိုချဉ် အစာသွပ်

Wonton_Cup_Chcken_Sweet&Sour6
အစာပြေအဖြစ် လုပ်စားနိုင်ဖို့ ဖက်ရွက် ကြက်သားချိုချဉ် အစာသွပ်ပါ။ ဒီချက်နည်းလေးက ဆန်းလည်း ဆန်းပြီ အရမ်းလည်း စားကောင်းပါတယ်။ အရင်ဆုံး ဖက်ရွက်ကို Cup cake လုပ်တဲ့ ခွက်(သို့) muffin လုပ်တဲ့ဗန်းထဲ ထည့်ပြီ oven နဲ့ ၅မိနစ်လောက် ဖုတ်လိုက်ရုံနဲ့ ဖက်ရွက်ခွက်လေးတွေ ရရှိမှာပါ။ ပြီရင် ကြက်သားကို ငရုတ်သီးပွစိမ်း၊ နီ၊ မြေပဲ တို့နဲ့ ချိုချဉ်ကြော်ပြီ အစာသွပ်ပေးရမှာပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ဖက်ရွက် – ၈ရွက်
  • ကြက်ရင်ဗုံသား – ၁၅၀ ဂရမ် (အတုံးသေးများ တုံးပါ)
  • သီဟိုဌ်စေ့(သို့)မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
  • ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ကြက်သွန်နီဥကြီး – ၁လုံး (အတုံးသေးများ တုံးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (အပါး အစောင်းလှီးပါ)
  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
  • သံပရာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည်(အချို) – စားပွဲတင်ဇွန်း တ၀က်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • Cup cake ခွက်(သို့) muffin ဗန်း
Wonton_Cup_Chcken_Sweet&Sour3
ချက်နည်း
၁။ အရင်ဆုံး ဖက်ရွက်များကို cup cake ခွက်ထဲ ထည့်၊ လက်ဖြင့် အသာလေး ခွက်ပုံဖြစ်အောင် ဖက်ရွက်ကို အသာဖိပေး။ ဆီအနည်းငယ် သုတ်ပေးပါ။
Wonton_Cup_Chcken_Sweet&Sour
၂။ ပြီလျှင် Oven ထဲ ၁၈၀ ဒီဂရီဖြင့် ၅-ရ မိနစ် ဖက်ရွက် အညိုရောင်သန်းသည်အထိ ဖုတ်ပေးပါ။
Wonton_Cup_Chcken_Sweet&Sour1
Wonton_Cup_Chcken_Sweet&Sour2

၃။ ပြီနောက် ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ဆီသပ်ပေးပါ။
၎။ ပြီလျှင် ကြက်သားထည့်ပြီ အရောင်ရသည်အထိ ၁မိနစ် ရောမွှေပေးပါ။
၅။ ထို့နောက် ငရုတ်သီးပွစိမ်း၊ ငရုတ်သီးပွနီ၊ ရေ(ခွက်တ၀က်)၊ ခရမ်းချဉ်သီးဆော့၊ သံပရာရည်၊ သကြား၊ ဆား၊ ပဲငံပြာရည် တို့ကို ထည့်ပြီ တည်ထားပေးပါ။
၆။ ဆီပြန်လာပြီဆိုမှ မြေပဲထည့်၊ ကြက်သွန်မြိတ် အုပ်ပြီ မီးပိတ်လိုက်ပါ။
Wonton_Cup_Chcken_Sweet&Sour4
ရ။ ပြီနောက် ဖက်ရွက်ခွက်ထဲ ကြက်ချိုချဉ်များကို အစာသွပ်ပေးပြီ အရသာရှိစွာဖြင့် သုံးဆောင်လို့ရပါပြီ..
Wonton_Cup_Chcken_Sweet&Sour6