ပီဇာဆော့စ်

ပီဇာဆော့စ် ( Sauce for pizza )
ခရမ်းချဉ်သီးကို ခြမ်းပြီး အိနပ်နေအောင် ပြုတ်ထားပါ
ကြက်သွန်ဖြူ/နီ ကိုထောပတ်နဲ့  ဆီသတ်ပါ
Basil leaves / Oregano / thyme/Dill/
Rosemary/bay leaves စတဲ့ western herbs (အနောက်တိုင်း ဟင်းခပ် အရွက်)တွေထည့်ပါ ( Ocean မှာရှိပါတယ်)
အနံ့ မွှေးလာရင် ပြုတ်ထားတဲ့ ခရမ်းချဉ်သီးတွေကို ( ရေမပါဘဲ ) ထည့်မွှေချေပါ
ကြေသွားပြီးရင် blender နဲ့  မွှေပါ
ပြီးရင် ဆန်ခါနဲ့  စစ်ပါ
ရလာတဲ့ အနှစ်တွေကို ဒယ်မှာ ပြန်ထည့်ပြီး
ဆား/ သံပုရာရေ( လိုအပ်ရင်)/ သကြား/ ငရုတ်ကောင်းမှုန့်  ထည့်မွှေပါ
တချို့ ကတော့ apple juice / Apple cider
Vinegar တွေ ထည့်ကြပါတယ်
မီးအေးအေးနဲ့  ၄၅ မိနစ် ၁ နာရီထိ
ပျစ်လာအောင်မွှေပေးပါ
( တကယ်တမ်း ကြာချိန်က ၄ နာရီလောက်ထိ နှပ်ထားရပါတယ် )
ဒါမှသာ juicy အနှစ်အရသာ ပြည့်စုံလာပါတယ်
အအေးခံပြီး ဗူးသန့် သန့် နဲ့  လေလုံအောင် ပိတ်ထား
အအေးခန်း( 14'C )မှာ ထားပါက အနည်းဆုံး လချီ ပြီးအထားခံပါတယ် 👌
ရေခဲခန်း ( - 18 ' C ) မှာ ထားရင် နှစ်ချီ အထားခံပါတယ်
( လိုတဲ့အခါ အခန်းအပူချိန်အတိုင်း အရေဖျော်ပြီး ပြန်နွှေးသုံးပါ )
အီတလီခေါက်ဆွဲ Spaghetti ကိုပြုတ်ထားပြီး
ဒီ Sauce ထဲမှာ ပုဇွန်/ကမာ/ပြည်ကြီးငါး/ဂုန်း စသည့် ( seafood) ပြုတ်ထည့်ပါက
" Spaghetti seafood Mariana " ဖြစ်သွားပါတယ်
ကြက်/ဝက် (ကြိတ်သား) (minced meat)
ထည့်ပါက " Spaghetti Bolonise " ဖြစ်သွားပါတယ်
အပေါ်ကနေ permisam cheese ဖြူးတင်
Chopped parsley နဲ့  အလှဆင်ပါ 😘
#Napolitan Sauce အဖြစ် အသုံးပြုနိုင်သလို
( Beef Stewed / Mutton Stewed )
အမဲစတူး / ဆိတ်စတူးတို့ မှာ
ဥနီ ( Carrot)/ စလေရီ ( celery) နဲ့ ဒီ Sauce ကိုသုံးပြီး နှပ်ထားနိုင်ပါတယ်


Image may contain: candles