ကန်တုံစတိုင် ပုဇွန် ချိုချဉ်ကြော်
ကန်တုံစတိုင် ပုဇွန် ချိုချဉ်ကြော်
ကန်တုံစတိုင် ပုဇွန်ချိုချဉ်ကြော် ချက်နည်းပါ။ ထမင်းပူပူလေးနဲ့ အလွန်လိုက်ဖက်ပါတယ်။ ပုဇွန်ကို ကော်မှုန့်၊ ဂျုံမှုန့် တို့ဖြင့်ကပ်ပြီ အကြွပ်ကြော်ပြီမှ ချိုချဉ်ဆော့ရည်လေးနဲ့ တွဲချက်ထားတာပါ။ ချက်ရလည်း လွယ်တာမိုပ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပုဇွန်ကျား – ၁၀ကောင် (၂၀၀ ဂရမ်၊ အမြှီးချန် ကျော်ခွဲပြီ ချေသန့်စင်ထားပါ)
- ငရုတ်သီးပွစိမ်း – ၂ခု (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
- ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
- ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
- ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
- ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်းး
- ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ရှာလကာရည် – စားပွဲတင်ဇွန်း တ၀က်
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
- တရုတ်ဆန်ဝိုင် – စားပွဲတင်ဇွန်း ၃ဇွန်း
- ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း(ရေ ဖြင့်ေ၇ာမွှေထားပါ)
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ပုဇွန်ကြော်ရန် ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ကော်မှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
- ဂျုံမှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ပုဇွန်ကျားကို (ဆား၊ ကြက်သားမှုန့်)တို့ဖြင့် ရောမွှေပါ။
၂။ ပြီလျှင် ခွက်တစ်ခုထဲ (ဂျုံမှုန့်၊ ကော်မှုန့်) တို့ကို သမအောင် ရောမွှေလိုက်ပါ။
၃။ ပြီနောက် ခလောက်ထားသော ကြက်ဥခွက်ထဲ ပုဇွန်ကျားကို စိမ်ပြီ (ဂျုံ၊ ကော်မှုန့်) ကပ်ပေးပါ။
၎။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ပုဇွန်များကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပြီ ပြန်ဆယ်ထားပါ။
———————————–
ချက်ပြုတ်နည်း
၁။ ခွက်တစ်ခုထဲ ဆော့ရည်အတွက် (ခရမ်းချဉ်သီးဆော့၊ ခရုဆီ၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ဆန်ဝိုင်၊ သကြား) တို့ကို သမအောင် ရောမွှေထားပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၃။ ပြီနောက် ငရုတ်သီးပွစိမ်း၊ ငရုတ်သီးပွနီ၊ ဆော့ရည်၊ ရေ(ခွက်တ၀က်) တို့ကို ၂မိနစ်ခန့် တည်ထားပါ။
၎။ ပြီလျှင် ပုဇွန်ထည့်ပြီ နောက်ထပ် ၁မိနစ် တည်ထားပါ။
၅။ နောက်ဆုံးမှ ကြက်သွန်မြိတ်ဖြူး၊ ငရုတ်ကောင်းမှုန့် ဖြူး၊ ကော်ရည်ထည့်ပြီ မီးပိတ်လိုက်ပါ။
၆။ အရသာကောင်းမွန်သော ကန်တုံစတိုင် ပုဇွန်ချိုချဉ်ကြော်ကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ..