ထိုင်းစတိုင် ကြက်အူချောင်း၊ သခွာသီးသုပ်
ကြက်အူချောင်း၊ သခွာသီးသုပ်
အချိန်တိုအတွင်းမှာ အလွယ်တကူ လုပ်စားနိုင်မယ့် ကြက်အူချောင်း နှင့် သခွာသီး ချိုစပ်သုပ်လေးပါ။
ပါဝင်ပစ္စည်းများ
- ကြက်အူချောင်း – ၄ချောင်း
- သခွာသီး – တ၀က် (အစေ့ထုတ် ထပ်ခြမ်းခြမ်းပြီ ပါးပါးလှီးထားပါ)
- ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
- ငရုတ်သီးစိမ်း(သို့)နီ – ၃တောင့် (ပါးပါးလှီးပါ)
- သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- မြေပဲဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
သုပ်နည်း
၁။ အရင်ဆုံး ဒယ်ထဲဆီထည့်ပြီ ကြက်အူချောင်းများကို ကျက်သည်အထိ ၁မိနစ်ခန့် ထည့်ကြော်ပေးပါ။
၂။ ပြီလျှင် ကြက်အူချောင်းများကို ဓားဖြင့် အပါးအစောင်းလှီးပေးပါ။
၃။ ထို့နောက် ခွက်တစ်ခုထဲ ဆော့ရည်အတွက်(သံပရာရည်၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်သီးနီ) တို့ကို သကြား အရည်ပျော်သည်အထိ ရောမွှေထားပါ။
၎။ ပြီမှ ဇောက်ပန်းကန်လုံးထဲ (ကြက်အူချောင်း၊ သခွာသီး၊ ကြက်သွန်နီ) တို့ကို ရောမွှေပြီ အပေါ်မှ ဆော့ရည်ကို လောင်းထည့်လိုက်ပါ။
၅။ အရသာရှိသော ချိုစပ် ကြက်အူချောင်း နှင့် သခွာသီးသုပ်ကို သုံးဆောင်နိုင်ပါပြီ…