ဝက်အူချောင်း၊ဟမ်၊နာနတ်သီး၊သံလွင်သီး၊မှို ပီဇာ

ဝက်အူချောင်း၊ ဟမ်၊ နာနတ်သီး၊ သံလွင်သီး၊ မှို ပီဇာ

ဒီပီဇာကို Super Supreme ပီဇာလို့ ခေါ်ပါတယ်။ တခြားပီဇာတွေနဲ့မတူပဲ၊ ဆာလာမီး ၀က်အူချောင်း၊ ဟမ်၊ နာနတ်သီး၊ သံလွင်သီး၊ မှို၊ ငရုတ်ပွစိမ်း အစုံအလင်ပါဝင်ပြီ ချိစ်ကလည်း များများ ထည့်ရပါတယ်။ Pizza Hut ပီဇာဆိုင်မှာ ဒီ Super Supreme ပီဇာကို တချက် ၁၅-၂၀$ ခန့်ရောင်းပါတယ်။ အိမ်မှာ ကိုယ်တိုင် ဈေးနှုန်းသက်သာစွာနှင့် စိတ်ကြိုက်လုပ်စားနိုင်အောင် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်…
ပီဇာအတွက် ပါဝင်သော ပစ္စည်းများ
  • ပီဇာဒိုး – ၁ချပ်
  • ပီဇာဆော့
  • သံလွင်သီး (olive)- စားပွဲတင်ဇွန်း ၁ဇွန်းစာ (မထူမပါး လှီးပေးပါ)
  • ငရုတ်သီးပွစိမ်း (green capsicum)- ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • မှို(button mushroom) – ၁၀၀ ဂရမ် (ပါးပါးလှီးပါ)
  • ဆာလားမီး (salami) – ၁ခု (ပါးပါးလှီးပါ) (၀က်အူချောင်း)
  • ဟမ် (ham)- ၃ခု (၁လက်မအရွယ်လေးများ လှီးပါ)
  • နာနတ်သီး (pineapple)- ၂၀ိုင်းစာ (ပါးပါးလှီးပါ)
  • Mozzarella ချိစ် – ၁တုံး (၁ခွက်စာ ခြစ်ပြီသား)
  • Tabasco – အနည်းငယ်
မှတ်ချက် ။ ။ ပါဝင်ပစ္စည်းများအားလုံးကို (ဓမ္မစေတီလမ်း Market Place(City Mart) တွင်ဝယ်ယူနိုင်ပါသည်)
ပီဇာဖုတ်နည်း
၁။ ပီဇာအတွက် ပါဝင်ပစ္စည်းများကို ပစ္စည်းတစ်ခုထဲတွင် စီထားပါ။
၃။ ပြီးလျှင် ဖုတ်ပြီသား ဒိုးပေါ်သို့ ပီဇာဆော့များကို ဖြူးပေးပြီ အပေါ်မှ ချိစ်များ ဖြူးပေးပါ။
၎။ ထို့နောက် ပီဇာအတွက် ပါဝင်သော ပစ္စည်းများဖြစ်သော (ဆာလာမီး၊ နာနတ်သီး၊ မှို၊ ငရုတ်သီးပွ၊ ဟမ်၊ သံလွင်သီးများကို စီစီညညာ ထည့်ပေးပါ။
၅။ အပေါ်ဆုံးမှ ချိပ် အနည်းငယ်ထပ် ဖြူးပေးပါ။ tabasco(အနည်းငယ်) နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးပါ။
၆။ ပြီးလျှင် 0ven ထဲထည့်ကာ ၂၀၀ဒီဂရီဖြင့် မိနစ် ၂၀ခန့် ဖုတ်ပေးပါက အရသာအရမ်းကောင်းမွန်တဲ့ Super Supreme ပီဇာကိုရရှိပါပြီ…
Tip: အကယ်၍ ပီဇာဒိုးကို ပိုကြွပ်ရွရွှကြိုက်လျှင် ဒိုးပြား ပထမ အကြိမ်ဖုတ်စဉ် ၅မိနစ်လောက် ပိုဖုတ်ပေးပါ။
—————————————————————————————————-